ချစ်သက်တမ်း(၂) နှစ်ပြည့်မှာ ကြည်ကြည်နူးနူးနဲ့အချိန်တွေ ကုန်ဆုံးခဲ့တဲ့အကြောင်း မျှဝေလာတဲ့ မစ်ကီနဲ့စုစုတို့စုံတွဲ

အနုပညာ

ဂျာမဏီနိုင်ငံသားမစ်ကီနဲ့ မြန်မာမလေးစုစုဝေတို့စုံတွဲကတော့ နားလည်မှုတွေနဲ့တည်ဆောက်ထားတာကြောင့် အများကအားကျရတဲ့စုံတွဲလေးပါ။ လူမျိုးအတူ ဘာသာစကားမတူပေမဲ့ အချင်းချင်းဂရုစိုက်နားလည်ကာ အချစ်ပိုကြသူတွေပါ။ မစ်ကီကတော့ အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲမှာ ပရိသတ်တွေမြင်ဖူးကြမှာပါ။

မစ်ကီကတော့ မြန်မာစကားကိုကောင်းမွန်စွာပြောတတ်သလို မြန်မာမလေးစုစုရဲ့ဓလေ့ထုံးတမ်းတွေကိုလေ့လာသင်ယူကာ စုစုရှိတဲ့မြန်မာပြည်ကတော့ သူ့အိမ်ဖြစ်နေပြီလို့တောင်ဆိုထားသူပါ။ အခုဆိုရင်တွဲလက်မြဲနေခဲ့တဲ့သူတို့နှစ်ဦးရဲ့ချစ်ခရီးလေးဟာ (၂)နှစ်တောင်ပြည့်မြောက်ခဲ့ပါပြီ။ မစ်ကီကတော့  တွေ့လား မတူညီတဲ့ ဆန့်ကျင်ဘက်လူနှစ်ယောက်ချစ်နေတာ အတူတူရှိနေတာ နှစ်နှစ်ပြည့်သွားပြီ။ ချစ်ကြတဲ့ချစ်သူတွေတိုင် အေးချမ်းကြပါစေ.. 2 years anniversary ဆိုပြီးတော့ မှတ်မှတ်ရရသူရဲ့ဖေ့ဘွတ်မှာတင်ခဲ့ပါသေးတယ်။

စုစုကလည်း (၂) နှစ်ပြည့်နေ့ရက်လေးမှာ အေးအေးချမ်းချမ်းနဲ့ အချိန်တွေကုန်ဆုံးဖြစ်ခဲ့တဲ့အကြောင်းကို ကိုယ်တို့နှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ၂ နှစ်ပြည့် Anniversary ညစာ ဆိုပြီးတော့ ပုံလေးနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မျှဝေထားခဲ့တာပါ။ (၂) နှစ်ပြည့်မှသည်နှစ်ပေါင်းများစွာတိုင်အောင်အချစ်တွေနဲ့ရွှေလက်တွဲမြဲပါစေ..စုစုနဲ့မစ်ကီရေ