COVID-19 ရောဂါပိုး ကူးစက်ခံရမှု အကြောင်းရင်း မသိသူ ၁၀ ဦးရှိနေ

သတင်း

ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန ထုတ်ပြန်ချက် များအရ COVID-19 အတည်ပြု လူနာများနှင့်ထိတွေ့မှုမရှိသည့် အပြင် ပြည်ပသို့ခရီးသွားရာဇဝင် မရှိဘဲ ရောဂါပိုးတွေ့လူနာ ၁၀ ဦးရှိနေသည်။

Seven more suspected coronavirus victims in Myanmar test negative ...

ကွင်းဆက်ပြတ်တောက်နေ သည့် အဆိုပါလူနာ ၁၀ ဦး၏ ကူး စက်ခံရပုံဖြစ်စဉ်ကို ဖော်ထုတ်နေ ပြီး ထက်ဝက်ခန့်မှာ ပြည်ပခရီး သွားလာမှုနှင့် နိုင်ငံခြားသားများ နှင့်ထိတွေ့မှုရှိခဲ့ကြောင်း စုံစမ်း နိုင်ခဲ့သည်ဟု ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေမှူး ဒေါက်တာ သန်းနိုင်စိုးကဆိုသည်။

‘‘ဒီဟာက ကျွန်တော်တို့အ တွက် အရမ်းအရေးကြီးတယ်။ မိတဲ့ Contact (ထိတွေ့မှုရှိသူ) တိုင်းကို စစ်နိုင်နေပြီ။ တော်တော် လည်းမိပါတယ်။ မတွေ့တဲ့ဟာ လည်းရှိတော့ရှိတယ်။ တတ်နိုင် သမျှတွေ့ အောင်လိုက်နေတယ်။ အကုန်လုံး ပြန်ပေါင်းလိုက်ရင် Contact တွေကို လိုက်လို့ရတာနဲ့ မရတာ ပေါင်းလိုက်ရင်ရာခိုင်နှုန်း အရ တော်တော်နည်းပါသေး တယ်’’ဟု ဒေါက်တာသန်းနိုင်စိုး ကပြောသည်။

Chinese Visitor to Myanmar Tests Negative for Coronavirus ...

ကူးစက်မှုမြန်သည့် COVID-19 ရောဂါပိုးကြောင့် ကွင်းဆက်ပြတ်တောက်သည့် လူနာ၏ ကူးစက်ခံရပုံ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်နိုင်ရန်မှာ အလွန်အရေးကြီးကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ လူနာ၏ကူးစက်မှု ဇာစ်မြစ်မသိပါက ထိုဇာစ်မြစ်မှပင် အခြားသူများသို့ ဆက်လက်ကူးစက်ပျံ့နှံ့နေမည်ကို ပြည်သူအချို့ကလည်း စိုးရိမ်နေကြသည်။အဆိုပါလူနာ ၁၀ ဦးအနက် ဗဟန်းမြို့နယ်နေ (၅၅) နှစ်အ ရွယ် အမျိုးသားလူနာအမှတ်(၂၅) ကို ဧပြီ ၁၀ရက်တွင်ရောဂါပိုးတွေ့ ရှိခဲ့သည်။ ၎င်းသည် မတ်လ ၂၅ ရက်တွင် မြိတ်မြို့မှ ပြန်လာသူဖြစ် ပြီး ယင်းမတိုင် မီက ထိုင်းနိုင်ငံသို့ ဆေးသွားကုခဲ့သည့် ရာဇဝင်ရှိ ကြောင်း ဖော်ထုတ်ထားသည်။

ယင်းနောက် ဧပြီ ၁၂ရက် တွင် COVID-19 ရောဂါပိုးရှိ ကြောင်းအတည်ပြုခဲ့သော ကွင်း ဆက်ပြတ် ဒုတိယမြောက်လူနာ မှာ ရွှေပြည်သာမြို့နယ်တွင်နေသူ ဖြစ်သည်။(၂၉) နှစ်အရွယ် အဆိုပါ အမျိုးသမီးမှာ ဖျား၍အင်းစိန်ဆေး ရုံသို့ရောက်ရှိပြီးနောက် စစ်ဆေး ခဲ့ရာ COVID-19 ရောဂါပိုးရှိ သည့် အတည်ပြုလူနာအမှတ် (၃၃) ဖြစ်လာသည်။ ၎င်း၏ နောက် ကြောင်းရာဇဝင်ကို စုံစမ်း နေဆဲဖြစ်သော်လည်း မသိရသေး ကြောင်းနှင့် ကျန်းမာရေးအခြေ အနေကောင်းမွန်ကြောင်း ဒေါက် တာသန်းနိုင်စိုးက ပြောသည်။

Grab Myanmar က Novel Coronavirus ကူးစက်ပျံ့နှံ့ ...

ဖျား၍ ဧပြီ ၁၀ ရက်တွင် အင်းစိန်ဆေးရုံသို့ တက်ရောက် ကုသခဲ့သော (၇၈) နှစ်အရွယ် အ မျိုးသမီးမှာ ကွင်းဆက်ပြတ်နေ သည့် တတိယမြောက်လူနာဖြစ် သည်။ ၎င်းထံတွင် ရောဂါပိုးရှိ ကြောင်း ဧပြီ ၁၂ရက်ကကြေညာ ခဲ့သည်။

‘‘လူနာအမှတ် (၃၈) က အင်း စိန်အုပ်စုနဲ့ဆက်စပ်မှုရှိ၊ မရှိလိုက်နေတုန်း။ တချို့ဟာတွေ ကျတော့ ပထမ Case 1 တုန်းက လည်း အင်းစိန်ဘက်ကအသွား အလာရှိတယ်လို့ ကြားထား တယ်။ ဒါပေမဲ့အတိအကျတော့ မသိသေးဘူး။ ပြန်လိုက်နေရ တုန်း’’ဟု ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

ဧပြီ ၁၂ ရက်တွင်ပင်အတည် ပြုလူနာများနှင့် ထိတွေ့မှုမရှိ သည့်အပြင် ပြည်ပနိုင်ငံများသို့ ခရီးသွားလာခြင်းမရှိခဲ့သော ပန်း ဘဲတန်းမြို့နယ်တွင်နေ (၈၅) နှစ် အရွယ် အမျိုးသားထံ၌ COVID-19 ရောဂါပိုးရှိကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ရောဂါပိုးတွေ့ရှိသည့် လူနာအ မှတ် (၃၉) ဖြစ်ပြီး ဧပြီ ၁၁ရက် တွင် ရန်ကုန်ဆေးရုံကြီးသို့ စတင် တက်ရောက်ကုသခဲ့ပြီး ဧပြီ ၁၂ ရက်တွင် သေဆုံးခဲ့သည်။

ကမ္ဘာပေါ်တွင် COVID -19 ရောဂါပိုးမတွေ့ ...

‘‘သူ့မှာကျတော့ ဆီးချို၊သွေး တိုးနဲ့ နှလုံးရောဂါအခံရှိတော့ သတ်မှတ်ရသလောက် ဆေးရုံ၊ ဆေးခန်းသွားတဲ့ နောက်ကြောင်း ရှိတယ်။ ဒါပေမဲ့သူက Carrier မဖြစ်နိုင်ဘူးလို့ သတ်မှတ်တယ်။ နောက်ပြီး သူ့မိသားစုဝင်တွေထဲ မှာပါ အတည်ပြုလူနာတွေ ထပ် တွေ့တယ်။ ဒါကြောင့် နောက် ကြောင်းရာဇဝင်ကို မြေပြင်အနေ အထားအရ လိုက်ရခက်နေတယ်’’ ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောသည်။

ဧပြီ ၁၆ ရက်က ရောဂါပိုး တွေ့ရှိကြောင်းအတည်ပြုခဲ့သည့် ဗဟန်းမြို့နယ်နေ (၄၃) နှစ်အ ရွယ်အမျိုးသား လူနာအမှတ်(၇၉) သည်လည်း ကူးစက်ခံရမှုကွင်း ဆက်ပျောက်ဆုံးနေကာ လတ်တ လောယူဆထားချက်အရ ၎င်း သည်ဟိုတယ်တွင် အလုပ်လုပ် ကိုင်သည့်အတွက် နိုင်ငံခြားသား များနှင့် ထိတွေ့မှုရှိခဲ့သည်ဟုသာ သတ်မှတ်နိုင်သေးကြောင်း ဗဟန်းမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာနီနီသော်က ဆို သည်။

ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိ ...

ထို့အပြင် ဧပြီ ၁၆ ရက်က ပိုးတွေ့ရှိခဲ့သော တောင်ဒဂုံမြို့ နယ်နေ (၇၇) နှစ်အရွယ် အမျိုး သားလူနာအမှတ် (၈၅)သည် ယခင် အတည်ပြုလူနာများနှင့်ထိ စပ်မှုမရှိခဲ့သည့်အပြင် ပြည်ပခရီး သွားရာဇဝင်မရှိပေ။‘‘သူနဲ့ပတ်သက်လို့ မိသားစု ဝင်ရော၊ သူနေမကောင်းလို့ သူ့ ကိုဆေးခန်းလိုက်ပို့တဲ့ တက္ကစီ ဆရာရော အကုန်လုံးကို ဆေးစစ် တော့ Negative ထွက်တယ်။ အ ခု ကွင်းဆက်ပျောက်နေတာပေါ့။ အဖြေရှာရခက်သွားတယ်’’ ဟု တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း နိုင်က ပြောသည်။

ဧပြီ ၁၅ ရက်တွင် ရန်ကုန် ဆေးရုံကြီးသို့ဖျားနာ၍ တက် ရောက်ကုသခဲ့သော တာမွေမြို့ နယ်နေ (၆၂) နှစ်အရွယ်အမျိုး သား လူနာအမှတ် (၈၇)သည် ကွင်းဆက်ပြတ်နေသည့် လူနာ ၁၀ ဦးစာရင်းတွင်ပါရှိသည်။‘‘လူနာအမှတ်-၈၇ (တာ မွေ) သူက ဧပြီလဆန်းမှာ ဘုရား ကျောင်းတစ်ခုကို တက်တယ်။ နောက်ပြီးတော့ အတူနေတဲ့သမီး က ကျန်းမာရေးဝန်ထမ်း၊ပုဂ္ဂလိက ဆေးရုံမှာလုပ်နေတဲ့ ဝန်ထမ်းဖြစ် တယ်ပေါ့နော်။ သူ့လည်းလိုက်နေ တုန်း’’ ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ဧပြီ ၂၀ ရက်တွင် COVID-19 အတည်ပြုလူနာစာရင်း ထုတ်ပြန်ချက်၌ ပါဝင်ခဲ့သော လူ နာအမှတ် (၁၀၉)သည် သင်္ဃန်း ကျွန်းမြို့နယ်တွင်နေထိုင်ပြီး ရော ဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိ ကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ထားခြင်း မရှိကြောင်း ပါရှိခဲ့သည်။ သို့သော်ကျန်းမာရေး တာဝန်ရှိသူများ၏ နောက်ပိုင်းစုံ စမ်းချက်အရ ၎င်းသည် ဥရောပ နိုင်ငံများနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း ပေါ်ပေါက် ခဲ့သည်။

‘‘နိုင်ငံခြားသွားတာ မရှိဘူး လို့ ကနဦးသိရတာပေါ့။ နောက် ပိုင်းကျွန်တော်တို့စုံစမ်းတော့ သူ က ဖေဖော်ဝါရီ ၉ မှာ အီတလီ၊ စပိန်နဲ့ နယ်သာလန်ကိုသွားခဲ့ တယ်။ ဖေဖော်ဝါရီ ၂၁ မှာ စင် ကာပူက ပြန်လာတဲ့သူဖြစ်တယ်’’ ဟု ကျန်းမာရေးနှင့် အားစားဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်နေ ထိုင်ခဲ့ပြီး အဆုတ်ကင်ဆာရောဂါ အခံရှိသူ လူနာအမှတ် (၁၁၁) သည်လည်း မည်သည့်အခြေအ နေမှ ကူးစက်ခဲ့ကြောင်း ဖော် ထုတ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း ...

သို့သော် ၎င်းသည်အဆုတ် ကင်ဆာရောဂါကြောင့် ကင်ဆာ ဆေး ငါးကြိမ်သွင်းထားသူဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ မကြာခဏ သွားရောက်ရသည့်အပြင် COVID-19 ကဲ့သို့ အဆုတ်သို့အလွယ် တကူဝင်ရောက်နိုင်သော ရောဂါ အခံရှိသည်ဟု သုံးသပ်ထား ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ခင်ရူပါစိုးကဆိုသည်။

ဧပြီ ၂၃ ရက် နံနက် ၁၀နာရီ အထိ ကွင်းဆက်ပြတ်နေသည့် နောက်ဆုံးလူနာသည် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဧပြီ ၂၁ရက်တွင် ၎င်းထံ၌ COVID-19 ရောဂါပိုးရှိပြီး လူနာအ မှတ် (၁၂၀) ဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်သည်။

(၂၁) နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၁၂၀)သည် မြန်မာ ပလာဇာတွင် အလုပ်လုပ်ကိုင်နေ သူဖြစ်ပြီး ကနဦးစုံစမ်းချက်အရ ရုံးနှင့် အိမ်သို့သာအဆက်အသွယ် ရှိကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ကျော်မောင်က ပြောသည်။‘‘မနေ့က ( ဧပြီ ၂၂ ရက်)က ကွင်းဆက်လိုက်ဖို့ သွားမေးတော့ နေမကောင်းတာနဲ့သူလည်း စိတ် ညစ်နေတော့ ဘာမှတော့မသိရ သေးဘူး။ ဒါပေမဲ့ သူနဲ့အတူနေ တဲ့ မိသားစုဝင်တွေ ပြောချက်အရ တော့ အိမ်နဲ့မြန်မာပလာဇာပဲရှိ တယ်။ ထပ်တော့စုံစမ်းနေပါ တယ်’’ဟု ၎င်းကပြောသည်။

COVID-19 အတည်ပြုလူ နာတစ်ဦးတွေ့ရှိပါက ၎င်း၏ နောက်ကြောင်းရာဇဝင်ကို အ ပိုင်းသုံးပိုင်းခွဲ၍ ရောဂါကွင်းဆက် ဖြတ်တောက်မှုလုပ်ဆောင်ပြီး (၁) ဆေးရုံ၊ ဆေးခန်းတက်ရောက် ပါက ထိတွေ့ခဲ့သူ၊ (၂) အတည် ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့သူ၊ (၃)တိုက်ရိုက်ထိတွေ့ခဲ့သူနှင့် ထပ် ဆင့်ထိတွေ့ခဲ့သူဖြစ်ကြောင်း၊၎င်း တို့ကို အသွားအလာကန့်သတ် ခြင်း၊ ရောဂါပိုးရှိ၊မရှိဆေးစစ်ခြင်း တို့ ဆောင်ရွက်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆ဝ ...

မတ်လ ၂၃ ရက်ကစ၍ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီအထိ မြန်မာနိုင်ငံ၌ COVID-19 အ တည်ပြုလူနာ ၁၂၇ ဦးရှိပြီး ငါးဦး မှာသေဆုံးကာ ကိုးဦး သက်သာ၍ ဆေးရုံဆင်းခွင့်ပြုခဲ့သည်။အဆိုပါ လူနာ ၁၂၇ ဦးအ နက် အဆင့်ဆင့်ကူးစက်ခံရမှု အ များဆုံးဖြစ်ပွားခဲ့မှုအနက် လူနာ အမှတ် (၂၄) မှတစ်ဆင့်ထပ်တွေ့ ခဲ့ရသည့် COVID-19 အတည်ပြု လူနာများမှာ ၎င်းအပါအဝင် ၆၃ ဦးရှိသည်။