၅ မိနစ်ထက်ပိုပြီးလမ်းမလျှောက်နိုင်တာ ၂ လကျော်နေကာ ညာဘက်ခြေထောက်စိုးရိမ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ မီးမီးခဲ

သတင်း

အဆိုတော်မီးမီးခဲကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာအချိန်အတော်ကြာနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်ကအောင်မြင်နေတဲ့ ထိပ်တန်းအဆိုရှင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့တဲ့ သူမကတော့ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုရော ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ကင်ဆာဝေဒနာကို ခံစားနေရတဲ့ ပြည်သူချစ်အနုပညာတစ်ယောက်ဖြစ်ပေမယ့် အားမငယ်ဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူမရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ အကြောင်းကို ချစ်ရတဲ့ ပရိသတ်တွေထံ အသိပေးလာခဲ့ပါတယ်။

သူမကတော့ ” ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ်..၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ..မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး..အဖြေက တော့ ကင်ဆာ ပြန့်ပွားမှုက တော့ပုံမှန်ပေမဲ့ ကင်ဆာဆေး ကြောင့် ဆိုကျိုးကို ခံစားရတာပါ..အားလုံးကို ဆုတောင်းသတိရပေးပါလို့..God Bless You All. “ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ် ။