ဗစ်တိုးရီးယားအမှုမှ အဓိကတာဝန်ရှိ ရဲအရာရှိကြီးသုံးဦးကို ရာထူးတိုးရပ် အရေးယူဟုဆို

သတင်း

တရားခံမပေါ် ပေါက်သေးသည့် ဗစ်တိုးရီးယား အမှုတွင် တာဝန်ကျေပွန်စွာ မဆောင်ရွက်သူ၊ လစ်ဟာမှုများ တွင် အဓိကတာဝန်ရှိသည့် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး သုံးဦးကို ရာထူးတိုးမြှင့်ရပ်ဆိုင်း ခြင်းဖြင့် အရေးယူထားခြင်းသည် လုံးဝမျှတမှုမရှိကြောင်း ဗစ်တိုးရီး ယားဖခင်ဖြစ်သူက ပြောသည်။

အမေ့ခံ ဗစ်တိုးရီးယား – HI Burma

‘‘အဓိက တာဝန်ရှိတဲ့ ရဲအ ရာရှိကြီးသုံးဦးကို အရေးယူထား ပါတယ်။ ဘယ်လိုအရေးယူထား လဲဆိုတော့ ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ (Promotion stop) ပြစ် ဒဏ်နဲ့ အရေးယူထားတယ်လို့ ကျွန်တော်တို့ကို တင်ပြထားပါ တယ်’’ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

မေလ ၃၀ ရက်က အွန်လိုင်း မှတစ်ဆင့်ပြုလုပ်သည့် သမ္မတ အိမ်တော် သတင်းစာရှင်းလင်း ပွဲတွင် သတင်းထောက်တစ်ဦးက ဗစ်တိုးရီးယားအမှုတွင် တာဝန် မကျေပွန်သူ၊ လစ်ဟင်းသူ တာ ဝန်ရှိတဲ့သူများကို အရေးယူရန် သမ္မတကြီးက ညွှန်ကြားထား သည့်အပေါ် မည်သို့အရေးယူ ထားကြောင်း မေးမြန်းမှုအပေါ် ထိုကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။သို့သော် ပြန်လည်ဖြေကြား ရာတွင် ရဲအရာရှိကြီးသုံးဦးကို မည်သည့် အချက်များကြောင့် အရေးယူထားသည်ကို အတိအ ကျ ပြောဆိုခဲ့ခြင်းမရှိပေ။

ကျူးလွန်ခံရသူအတွက် တရားခံအစစ် မပေါ်ပေါက်သေး သည့် တာဝန်ပေါ့လျော့မှုအတွက် ရဲအရာရှိသုံးဦးကို ထိုကဲ့သို့အရေး ယူခြင်းဆိုပါက ကျေနပ်မှုမရှိနိုင် ကြောင်း ဗစ်တိုးရီးယား၏ ဖခင် က ပြောသည်။

ဗစ်တိုးရီးယားအတွက် တရားမျှတမှု ...

‘‘တရားခံအစစ်ပေါ်ချင်တာ လေ။ တရားခံအစစ်ပေါ်တဲ့အခါ မှာလည်း ရဲတပ်ဖွဲ့ရဲ့ ပေါ့လျော့မှု တွေက အများကြီး ထင်သာမြင် သာရှိခဲ့တာလေ။ ထင်သာမြင်သာ ရှိနေတဲ့ အနေအထားမှာ ဒီလို လေး၊ ဒီလောက်လေးနဲ့တော့ ဖြစ် တာ စိတ်ထဲမှာတော့ မကျေနပ် နိုင်ဘူး’’ဟု ၎င်းကဆိုသည်။ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကို ပြင်းထန်သည့် ပြစ်ဒဏ်ထက် ဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက် ရေးအတွက် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုခြင်း ဖြစ်၍ သမ္မတကြီး မှာကြားထား သည့် တရားခံအစစ်ပေါ်ပေါက် ရေး ဆောင်ရွက်မည်ဟု ပြော ကြားထားသည့် အချက်အပေါ် မျှော်လင့်စောင့်ဆိုင်းနေမည်ဖြစ် ကြောင်း ဖခင်ဖြစ်သူက ပြော သည်။

ဗစ်တိုးရီးယား မိသားစုအ ချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သူ ရဲအရာရှိကြီးများကိုလည်း မည်သို့ အရေးယူထားကြောင်းကို တိတိကျကျ ပြောဆိုခြင်းမရှိ၍ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ၎င်းကပြောသည်။

တစ်ပတ်အတွင်း ပြည်တွင်းသတင်း ...

‘‘ကျွန်တော်တို့က ဘဝတစ် ခု ထိခိုက်သွားတာလေ။ ကျူး လည်း ကျူးလွန်ခံရသေးတယ်။ ကျွန်တော်တို့နာမည် ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်ဖော်ပြော သွားခံရတဲ့အတွက် ဘဝတစ်ခု ထိခိုက်သွားရတယ်ဆိုမှ ဒီလိုအ ရေးယူတယ်ဆိုတာ အဓိပ္ပာယ် ဆိုတာမရှိတာ’’ဟု ဗစ်တိုးရီးယား ၏ဖခင်က ရင်ဖွင့်သည်။ဗစ်တိုးရီးယားအမှုတွင် စွပ် စွဲတရားခံ အောင်ကြီးကို ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်က တရားရှင် လွှတ်ပေးလိုက်ပြီး နောက်တစ် ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယင်းကိစ္စအပေါ် သတင်းစာရှင်း လင်းပွဲပြုလုပ်ရာ ဗစ်တိုးရီးယား နာမည်အရင်းကို ထုတ်ဖော်ပြော ဆိုခဲ့သလို မိသားစုအချက်အ လက်များကိုလည်း ရဲဇာနည်အ ကောင့်မှတစ်ဆင့် လူမှုကွန်ရက် သို့ တင်ခဲ့သည်။

နေပြည်တော် ဗစ်တိုးရီးယားအမှုတွင် ...

ဗစ်တိုးရီးယားအမှုတွင် တာ ဝန်ကျေပွန်စွာ မဆောင်ရွက်ခဲ့သူ၊ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်မှုမရှိသော တာဝန်ရှိသူများ ကို သက်ဆိုင်ရာအဖွဲ့အစည်းများ က လိုအပ်သလို အရေးယူဆောင် ရွက်ရန် ဖေဖော်ဝါရီ ၂၀ ရက်တွင် သမ္မတဦးဝင်းမြင့်က ညွှန်ကြား ထားသည်။