Covid – 19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအများဆုံးဖြစ်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဆေးရုံအတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ ဒေါက်တာဖြိုးပြည့်စုံ

အနုပညာ

Melody World သီချင်းဆို ပြိုင်ပွဲမှတဆင့် နာမည်ကြီးလာခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ ပရိသတ်တွေရဲ့ ခံစားချက်နဲ့တိုက်ဆိုင်တဲ့ တေးသီချင်းကောင်းလေးတွေကို သီဆိုသူတစ်ယောက်ပါပဲ။ ဖြိုးပြည့်စုံရဲ့ ကြည်လင်ပြတ်သားပြီး စွဲဆောင်မှုရှိတဲ့ အသံကို လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက် အားပေးကြတာပဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း သူဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဆရာဝန်တစ်ယောက်လည်းဖြစ်သလို အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ဖြိုးပြည့်စုံက သူချစ်တဲ့ မိဘပြည်သူတွေအကျိုးအတွက် အလှူအတန်းတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင်  သုံးဦး ပြန်လည်လွတ်မြောက် | Eleven Media Group Co., Ltd

ဒီကနေ့မှာလည်း ဖြိုးပြည့်စုံက Covid – 19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအများဆုံးဖြစ်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဆေးရုံအတွက် အလှူငွေ (၅) သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဖြိုးပြည့်စုံကတော့ သူချစ်တဲ့ မိဘပြည်သူတွေအတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို အများအကျိုးရှိစေမယ့် အလှူအတန်းတွေကိုလည်း ပြုလုပ်ပေးနေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးပြည့်စုံရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။