နှင်းဆီလှေအငြိမ့်ကို အပီအပြင်ဖျော်ဖြေဖို့အတွက် ကြိုးစားပမ်းစားဇာတ်တိုက်နေကြတဲ့ နေတိုးတို့နှင်းဆီအဖွဲ့သားများ

အနုပညာ

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊မင်းမော်ကွန်း၊ရဲလေး တို့သူငယ်ချင်းတစ်စုကတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ အနုပညာအလုပ်တွေတွဲလုပ်နေကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်နော်။နေတိုးတို့ သူငယ်ချင်းတွေအကုန်လုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီပေးကြပြီး အေးအတူပူအမျှခင်မင်နေကြတာဖြစ်ပါတယ်။

နေတိုးတို့သူငယ်ချင်းတစ်စု ကပြဖျော်ဖြေတဲ့ နှင်းဆီအငြိမ့်တွေဟာဆိုရင်လည်း ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ကြရပြီး တစ်ခဲနက်အားပေးကြည့်ရှု့ရပါတယ်နော်။နှင်းဆီအဖွဲ့ရဲ့ မင်းသမီးချောလေးတွေကတော့ ဖူးစုံ မိုးယုစံ မေကဗျာ မိုးပြည့်ပြည့်မောင်တို့က ကြိုးစားပမ်းစားနဲ့ ကပြဖျော်ဖြေသေးတာဖြစ်ပါတယ်။နေတိုးတို့ နှင်းဆီအဖွဲ့သားတွေက ပြည်ပတောင်သွားရောက်ဖျော်‌‌ဖြေရတဲ့အထိ အောင်မြင်တာပါနော်။

အခုဆိုရင်လည်း နေတိုးတို့နှင်းဆီအဖွဲ့သားတွေက ရေဘေးဒုက္ခသည်များကိုလှူဒါန်းဖို့အတွက် “နှင်းဆီလှေ”ဆိုပြီး ထပ်မံကပြဖျော်‌ဖြေဦးမှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း နှင်းဆီလှေ ကို အားပေးကြဖို့အတွက်အဆင်သင့်ဖြစ်နေသလို နေတိုးတို့အဖွဲ့သားတွေကလည်း အပီအပြင်ဖျော်ဖြေဖို့အတွက် ကြိုးစားပမ်းစားဇာတ်တိုက်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှ‌ဝေပေးလိုက်ပါရစေနော်။