ငရဲသူမလေးပုံစံလေးနဲ့ ကျောင်းဟောလိုးဝင်းမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်နေတဲ့ ထိပ်ထားသခင်လေး

အနုပညာ

ပရိသတ်တွေရဲ့အချစ်တော် ကလေးသရုပ်ဆောင်လေး ထိပ်ထားသခင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေအပြင် လည်လွန်းတက်လွန်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ။

တီတီတာတာ စကားပြောပုံလေးတွေနဲ့ အရွယ်လေးနဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းလွန်းကာ ချစ်စရာကောင်းလွန်းတဲ့ ပြည့်ပြည့်ဖောင်းဖောင်း ၀၀ကစ်ကစ်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို မချစ်ပဲမနေနိုင်အောင် ဖမ်းစားထားတာပါ။


ပရိသတ်တွေရဲ့ အသည်းကျော်လေး ထိပ်ထားလေးကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေေးတွကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို လတ်တလောမှာလည်း ကျောင်းပွဲတော်လေးမှာ သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့တဲ့ ပျော်စရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်။


ကျောင်းရဲ့ ဟောလိုးဝင်းပွဲတော်လေးမှာ ငရဲသားလေးပုံစံလေးနဲ့ ပြင်ဆင်ကာ သူငယ်ချင်းတွေနဲ့အတူ ပျော်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာပါ။

“ဒီနေ့ Pingu’s English ရဲ့ Halloween Party မှ အမှတ်တရ ပုံရိပ်လေးတွေပါ..” ဆိုပြီး ဓာတ်ဖမ်းထားတဲ့ အမှတ်တရလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်။

ချစ်စရာကောင်းလွန်းတဲ့ ငရဲသူလေးအဖြစ် ဟန်ပန်အမူအရာလေးတွေအမျိုးမျိုးနဲ့ ပရိသတ်တွေကို အသည်းယားအချစ်ပိုစေတဲ့ ထိပ်ထားလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။