အဖြစ်သည်းပြီး အကဲပိုတဲ့ ပရိသတ်တစ်ချို့ကြောင့် ဝေဖန်ခံနေရတဲ့ ဘင်ဂျင်မင်ဆုမ်း

အနုပညာ

လတ်တလောမှာ Myanmar Idol Season(4) ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဘင်ဂျင်မင်ဆုမ်းကတော့ အဖြစ်သည်းသဲပြီး အကဲပိုစွာ အားပေးတဲ့ ပရိသတ်အချို့ကြောင့် ဝေဖန်ခံနေရပါတယ်။ ကလေးမြို့ကနေလာရောက် ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်သားလေးတစ်ယောက်ပဲဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလေးဖြစ်ပါတယ်။သူကတော့ ကင်ဆာရောဂါခံစားနေရတဲ့ မိခင်ကိုစောင့်ရှောက်နိုင်တဲ့သားကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ သိရပါတယ်။


သူရဲ့ သီချင်းတိုင်းကို ခံစားမှုအပြည့်ထည့်ကာ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ဆိုတတ်တာကြောင့် ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲက ပရိသတ်တွေအားပေးမှု အများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အဖြစ်သည်းပြီး အကဲပိုတဲ့ ပရိသတ်တစ်ချို့ကတော့ “သီဆိုသွားတဲ့ သူ့အသံ ၊သူ့ပုံစံ အသံအနေထားကတော့ မူရင်း အဆိုတော်ရှင်ထက် ပိုကောင်းနေတယ်လို့ ပြောရင်လွန်သွားမလား ” ဆိုပြီး သူပြိုင်ပွဲဝင်ထားတဲ့ သီချင်းတွေရဲ့ အဆိုရှင်တွေထက်ပိုကောင်းအောင်ဆိုပြီး အားပေးနေကြပါတယ်။အခုလိုပြောဆို အားပေးတဲ့အပေါ်မှာတော့ အဆိုရှင်တွေရဲ့ ပရိသတ်တွေကလည်း “”မူရင်းထက်ပိုကောင်းတယ်” ”idolလေးဆိုမှ ဒီသီချင်းကသိတော့တယ်” ”idolဆိုတဲ့ပုံစံကမှအသက်” ခင်ဗျားတို့လုပ်ပုံက ခင်ဗျားတို့ idol ရဲ့ပုံရိပ် ထိခိုက်တယ်ဗျ သိက္ခာကျတယ်။ခင်ဗျားတို့ idolက အဲမူရင်းအဆိုတော်သီချင်းကို လေးစားအားကျ ကြိုက်လို့ဆိုတာပဲ မူရင်း ပိုင်ရှင်ရဲ့ကျေးဇူး အများကြီးရှိတယ်။

မဆပ်ချင်နေမစော်ကားနဲ့ မူရင်းအဆိုတော် တေးရေး တေးဆိုတွေက ဂီတလောကမှာ ဆရာတွေ ကိုယ်ဒူးကိုချွန် ကိုယ့်လမ်းကိုဖောက် ကိုယ့်သမိုင်းကိုရေး ကိုယ်ပိုင်သီချင်းတွေနဲ့ ပရိသတ်အခိုင်မှာရှိပြီးသား” ပါလို့ ဆိုပြီး ပြန်လည်ချေပကြသလို့ ဘမ်ဂျမင်ဆုမ်းအပေါ်ကိုလည်း ဝေဖန်တိုက်ခိုက်နေကြပါတယ်။ ပရိသတ်ကြီးရေ အဖြစ်သည်းတဲ့ ပရိသတ်တွေကြောင့် ဘင်ဘင်ကတော့ ဝေဖန်ခံနေရပါပြီး ညကျရင်ရော အားပေးဖို့ အသင့်ပဲလား။