ယွန်းယွန်းနဲ့ ရည်းစားသက်တမ်း (၁)နှစ်ကျော်ရှိနေပြီဆိုတဲ့ သတင်းကို ဖြေရှင်းလိုက်တဲ့အုပ်စိုးခန့်

အနုပညာ

ဆယ်ကျော်သက်အရွယ်ကတည်းက အဆိုတော်တစ်ဦးအဖြစ် ဂီတလောကကို ဝင်ရောက်လာခဲ့တဲ့ အုပ်စိုးခန့်ကတော့ မိန်းကလေးပရိသတ်တော်တော်များများရဲ့ အပြတ်အသတ်အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။

အုပ်စိုးခန့်က ” ကိုယ့်ထိုက်နဲ့ ကိုယ်ကံ ” ဆိုတဲ့သီချင်းလေးကစလို့ ” ချစ်နေပြီ၊ အပြစ်မယူ” စတဲ့ သီချင်းလေးတွေနဲ့လည်း ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

သီချင်းဆိုကောင်းတဲ့ အုပ်စိုးခန့်က အခုဆိုရင် သရုပ်ဆောင်အဖြစ် ” အိပ်မက်တွေမိုးထားတဲ့အိမ် “ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ အခုတော့ အုပ်စိုးခန့်က သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေအထင်လွဲနေတဲ့ သတင်းတစ်ခုကို ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ အုပ်စိုးခန့်က မင်းသမီးတစ်ဦးနဲ့ ရည်းစားသက်တမ်း (၁) နှစ်နဲ့ (၇) လကျော်ရှိနေပြီဆိုတဲ့သတင်းကို ရှင်းလင်းပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့်က ” Feb 25 2018 မှာ MTV ရိုက်ရင်းနဲ့စတွေ့တာပါ အဲ့တာကို 1 year and 7 days ဆိုပြီးပြောနေကြတာတွေက စတွေ့တဲ့ရက်ကနေ ရေကြည့်ပြီး ရည်းစားသက်တမ်းလို့ ခေါင်းစဉ်တပ်နေကြတာပါ ” ဆိုပြီး ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ကဲ သတင်းထွက်နေတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အုပ်စိုးခန့်ရဲ့ဖြေရှင်းချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။