လုပ်အားခလေးတွေစုပြီး မိခင်ဖြစ်သူကို သိန်း (၈၀) တန် အိတ်နဲ့ ကန်တော့ခဲ့တဲ့ အုပ်စိုးခန့်

အနုပညာ

လူငယ်ဆန်တဲ့ ပုံစံလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ သူချစ်ရတဲ့ ဂီတအပေါ် စိတ်နှစ်ပြီး အကောင်းဆုံး ကြိုးစားနေသူတစ်ဦးပါ။ မိဘကို စိတ်ချမ်းသာအောင်ထားတဲ့ သားလိမ္မာလေး အုပ်စိုးခန့်ကတော့ လတ်တလောမှာလည်း သူ့ရဲ့လုပ်အားခ ချွေးနှဲစာလေးနဲ့ မိခင်ဖြစ်သူကို သိန်း ၈၀ တန်ဖိုးရှိတဲ့ Chanel အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီနေ့ခေတ်လူငယ်တွေ မေ့လျော့နေတတ်ကြတဲ့ မိဘအပေါ် သိတတ်ခြင်းဆိုတာ ဘာလဲလို့ သေချာပြသလိုက်တဲ့ အုပ်စိုးခန့်ကတော့ တကယ့်ကို လိမ္မာတဲ့ သားလေးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် မိခင်ဖြစ်သူရဲ့မွေးနေ့အတွက် သိန်း ၈၀ တန် အိတ်လှလှလေးတစ်လုံး လက်ဆောင်ဝယ်ပေးခဲ့တဲ့ အုပ်စိုးခန့်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အုပ်စိုးခန့်ကတော့ ‘Late birthday present for mommy ❤️I love you mom ❤️” ဆိုပြီး သူတို့မောင်နှမအပေါ် အနစ်နာခံတတ်လွန်းတဲ့ ချစ်ရတဲ့ အမေဖြစ်သူကို အရမ်းလှတဲ့ Chanel အိတ်လေးတစ်လုံး လက်ဆောင်ပေးခဲ့တဲ့အကြောင်း ကြည်နူးစွာ ဝေမျှပေးထားတာပါ။ အုပ်စိုးခန့်ရဲ့မိခင်ကလည်း သားလေးက သိတတ်ပြီး ဝယ်ပေးတဲ့ အိတ်လေးကို အရမ်းတွေ သဘောကျနေတာ တွေ့ရပါတယ်။

လူငယ်ပေမယ့် သူ့ရဲ့လုပ်အားခလေးတွေကို သေချာစုပြီး အမေအတွက် တန်ဖိုးရှိတဲ့ လက်ဆောင် တစ်ခု ဝယ်ပေးနိုင်တဲ့ အုပ်စိုးခန့်ကတော့ တကယ့်ကို လိမ္မာတဲ့သားလေးပါပဲနော်။


အဆိုတော်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ အုပ်စိုးခန့်ကတော့ လက်ရှိမှာ အဆိုပိုင်းအပြင် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ကိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အုပ်စိုးခန့်က စီနီယာသရုပ်ဆောင်တွေနဲ့အတူ “အိမ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကြီးကို ရိုက်ကူးနေတာပါ။ မိုမိုလေး