ချစ်ရတဲ့ ခင်ပွန်းအတွက် ကြင်ကြင်နာနာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ ချစ်စနိုးဦး

အနုပညာ

ပါးချိုင့်လေးနစ်ဝင်သွားအောင် ပြုံးလိုက်ရင် မြင်ရသူတွေကိုပါ အေးချမ်းစေတဲ့ ချစ်စရာ မင်းသမီးချောလေး ချစ်စနိုးဦးကတော့ လက်ရှိမှာ သူမကို အရမ်းချစ်တဲ့ ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်စနိုးဦးက ဒီနေ့လေးမှာ ကျရောက်တဲ့ ချစ်ရတဲ့ ခင်ပွန်းရဲ့မွေးနေ့အတွက် ကြင်ကြင်နာနာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ တလောကမှ မင်္ဂလာပွဲ ဆင်နွှဲထားတဲ့ ချစ်စနိုးဦးတို့ ကြင်ဦးစ ဇနီးမောင်နှံကတော့ အရမ်းကို Romantic ဆန်လွန်းလှပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခင်ပွန်းဖြစ်သူအတွက် ချစ်စနိုးဦးရဲ့မွေးနေ့ဆုတောင်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်စနိုးဦးကတော့ “Happy birthday ယောကျာ်းရေ စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုရာဆန္ဒတြွေပည့်ပါစေနော်🎉🎉🎂🎂🎉🎉” ဆိုပြီး ခင်ပွန်းဖြစ်သူကို ရိုးရိုးရှင်းရှင်းနဲ့ ကြင်ကြင်နာနာလေး မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း ၆ နှစ်နီးပါးအထိ လက်တွဲခဲ့ကြတာဖြစ်ပြီး၊ ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။

အနုပညာကို ချစ်မြတ်နိုးတာချင်းတူတဲ့ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်ကျပြီးသွားလည်း အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်သွားမယ်လို့ သိရပါတယ်။ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကပဲ မင်္ဂလာပွဲ ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ခင်ပွန်းရဲ့မွေးနေ့အတွက် အရိုးရှင်းဆုံးနဲ့ အကြင်နာဆုံး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်စနိုးဦးလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-မိုမိုလေး