Valentine Day အတွက် ခင်ပွန်းဆီက ဘာ Surprise မှ မတောင်းဘဲ လူပေါင်း ၁၅၀၀ အဓိဌာန်ဝင်နိုင်ဖို့အတွက်ဘဲ တောင်းခဲ့တဲ့ စမိုင်းလ်

အနုပညာ

ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး ကိုးကွယ်တတ်သူ စမိုင်းလ်က အလှူအတန်းတွေနဲ့လည်း မပြတ်သူတစ်ဦးပါ။

Image may contain: 3 people, people sitting, table and indoor

အနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုတွေမှာ အားဖြည့်ကူညီပေးနေတာ တွေ့ရပါတယ်။ စမိုင်းလ်တို့မိသားစုကို ပရိသတ်တွေက ချစ်ခင်အားပေးပြီး အားကျကြတာကိုတွေ့ရပါတယ်။ မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာ လူချမ်းသာနေနိုင်ခြင်းကိုလည်း ပရိသတ်တွေက အတုယူအားကျမှုတွေရှိပါတယ်။

Image may contain: 1 person, standing, wedding and outdoor

Image may contain: 2 people

စမိုင်းလ်ဟာ ငွေကြေးချမ်းချမ်းသာသာနေနိုင်တဲ့အလျှောက် ဘာသာတရားကိုလည်း မပြတ်မလပ်ရိုသေကိုင်းရှိုင်းပါတယ်။ အလှူအတန်းတွေမှာလည်း သဒ္ဒါတရားရက်ရက်ရောရောနဲ့ လှူဒါန်းမှုပြုလုပ်နေတာတွေလည်း ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ သူမကိုယ်တိုင် ဘာသာရေးပြုလုပ်ရုံတင်မကဘဲ ပရိသတ်တွေကိုပါ ဘာသာတရားလိုက်စားလာအောင် အဓိဌာန်တွေဝင်နိုင်အောင် ဆောင်ရွက်ပါတယ်။

Image may contain: 3 people, people smiling, people standing and indoor

Image may contain: 5 people, people standing and outdoor

လူပေါင်း ထောင်ကျော်နဲ့ အဓိဌာန် ၂ ခုကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် စမိုင်းလ်က ရွှေတိဂုံ-ကျိုက်ထီးရိုး နေ့ခြင်းပြန် ကက်ကင်းအဓိဌာန်အတွက် လူပေါင်း ၁၅၀၀ ဝင်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။

Image may contain: 1 person, standing

Image may contain: 1 person

သူမရဲ့ အဓိဌာန်ခရီးစဉ်မှာ သစ်တံခါးဆရာတော်ကြီးနဲ့ အဆိုတော် သီရိဆွေတို့ မိသားစုကလည်း ပါဝင်လှူဒါန်းလိုက်ကြောင်း ယခုလိုပဲ ပြောပြလာပါတယ်။

Image may contain: 1 person, standing

“သစ်တံခါးဆရာတော်ဘုရားကြီးကလည်း အဓိဌာန်အတွက်ကုသိုလ်ငွေ၁၀သိန်းအလှူငွေပြန်စွန့်တယ် ဆရာတော်ဘုရားကျေးဇူးပါ 🙏🏼 အဆိုတော်သီရိဆွေနှင့်ကိုဟန်ထွန်းမိသားစုမှ တောင်တက်ကားတစ်စီးစာအတွက် ၂၀၀,၀၀၀လှူဒါန်းပါတယ် အလှူရှင်များနည်းများမဆိုကုသိုလ်ပါဝင်ပေးကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်”

Image may contain: 21 people, people standing, wedding, crowd and outdoor

Image may contain: one or more people, crowd and outdoor

ဒါ့အပြင် စမိုင်းလ်က မကြာခင်ရောက်လာမယ့် ချစ်သူများနေ့အတွက် ခင်ပွန်းဆီက ဘာလက်ဆောင်မှ မတောင်းဘဲ လူ (၁၅၀၀) အတွက် အဓိဌာန်ဝင်နိုင်အောင် လုပ်ပေးဖို့ပဲ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

Image may contain: 2 people, people sitting and outdoor

Image may contain: 4 people, people smiling

“Valentine’s Day နီးလာပြီ ဒီနှစ်တော့ဘာစပရိုက်မှမတိုက်ခိုင်းပဲ အဓိဌာန်အတွက်ပဲလုပ်ပေးဆိုလို့ ၁၅၀၀အချစ်သက်သေ လူ၁၅၀၀ကို ရွှေတိဂုံကျိုက်ထီးရိုးပို့ပေးတဲ့ယောကျာ်း မိန်းမရဲ့ ၁၅၀၀အချစ်အပြင် လူ၁၅၀၀ရဲ့မေတ္တာတွေ ကုသိုလ်တွေပါရမှာ🥰 #ချစ်သက်တမ်း၂၁နှစ်လက်ဆောင်”

Image may contain: 4 people, people smiling, people standing

Image may contain: 3 people, hat and closeup

ပရိသတ်ကြီးရေ…စမိုင်းလ်ရဲ့ လုပ်ရပ်တွေကတော့ တကယ်ကို မွန်မြတ်ပြီး သာဓုခေါ်ဖို့ကောင်းတဲ့ လုပ်ရပ်တွေပါပဲနော်။ စမိုင်းလ်ရဲ့ အဓိဌာန်ခရီးစဉ်မှာ တောင်တက်ကားတစ်စီးစာလှူဒါန်းပေးခဲ့တဲ့ သီရိဆွေတို့မိသားစုလည်း ဒီထက်ပိုမိုကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, people smiling, people standing

Cele Star