ချစ်စရာကောင်းတဲ့ ညီမလေးကို ချီပြီး ပျော်နေတဲ့ အောင်လအန်ဆန်းသားလေးအောင်ဒီးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး

အားကစား

မြန်မာဂုဏ်ဆောင် အောင်လအန်ဆိုင်းကတော့ မြန်မာတစ်နိုင်ငံက ပြည်သူလူထူရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မြန်မာဂုဏ်ဆောင် အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ဝှေ့အားကစားနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်ပေးနေတဲ့ အောင်လအန်ဆန်းကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်းကတော့ အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကို ဖန်တီးထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ သမီးလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ၃၁ရက်နေ့က လူ့လောကြီးထဲကို ရောက်ရှိလာတာဖြစ်ပြီး အောင်လအန်ဆန်းကတော့ သမီးလေးကို ဆန့်ဆိုင်းဂရေ့စ်အင်ဆန်လို့နာမည်ပေးထားပါတယ်။


ယခုမှာတော့ အောင်လအန်ဆန်းသားလေးအောင်ဒီးဟာ ချစ်စရာကောင်းတဲ့ ညီမလေးကို ချီပြီး ပျော်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်းသားလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။