Home အနုပညာ ဝစီပိတ်ကျင့်ပြီး တရားစခန်းဝင်နေတဲ့ ရွှေမှုန်ရတီ

ဝစီပိတ်ကျင့်ပြီး တရားစခန်းဝင်နေတဲ့ ရွှေမှုန်ရတီ

1174
0

ရွှေရွှေစုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့မှည့်ခေါ်ထားကြတဲ့ လူငယ်စုံတွဲလေးကတော့ ဘာသာရေးကိုလည်း မလွတ်ရအောင် ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အသက်ငယ်ပေမယ့် အောင်မြင်မှုတွေကို ထိပ်ဆုံးထိ ရယူနိုင်ထားကြတဲ့ လူငယ်တွေလည်းဖြစ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်လောက်အောင် ချစ်ကြတာတွေကိုလည်း ပရိသတ်တွေသိကြမှာပါနော်။

ရွှေမှုန်ရတီကတော့ မတ်လ ၈ ရက်နေ့က တရားစခန်းဝင်ရောက်သွားခဲ့ကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ တရားစခန်း မဝင်ရောက်ခင်မှာလည်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူ သံဃာနဲ့ဆရာတော် ၄၈ ပါးကို အာရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီ မွန်မြတ်တဲ့အလှူကုသိုလ်လေးကိုတော့ ရွှေထူးကသူ့ရဲ့အကောင့်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။

“ယနေ့ ကျွန်တော့် အမျိုးသမီး တရားစခန်း ဝင်ရင်းနဲ့ ၂ ယောက်အတူ … သံဃာ နှင့် ဆရာလေး ၂၄၈ ပားကို အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့ပာတယ် …နတ်လူသတ္တဝါ သာဓု ခေါ်စေသောဝ် 🙏🏻” ဆိုပြီး ဖော်ပြထားပါတယ်။

ယနေ့မှာတော့ ရွှေထူးက ဇနီးသည် ရွှေမှုန်လေးကို လွမ်းနေကြောင်း Live လွှင့်ရင်းနဲ့ပြောပြလာခဲ့တာပါ။ တရားစခန်းဝင်နေတဲ့ ဇနီးဖြစ်သူနဲ့ စကားမပြောရတာ (၂) ရက်ရှိနေပြီဖြစ်ကြောင်းနဲ့ သူမက ဝစီပိတ်ကျင့် ပြီး တရားစခန်းဝင်နေတာကြောင့် စကားပြောဖို့ မဖြစ်နိုင်တာလို့လည်း ပြောထားပါသေးတယ်။ ဇနီးသည်ကိုလွမ်းနေတဲ့ မျက်နှာလေးနဲ့ ရွှေထူးရဲ့ Live ကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Video Source-Htoo Khant