Home အနုပညာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းဝင်နေတဲ့ မြင့်မြတ်

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းဝင်နေတဲ့ မြင့်မြတ်

341
0

သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ မြန်မာနိုင်ငံက ပရိသတ်တော်တော်များများ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ ၂၀၁၈ အတွက်အကောင်းဆုံးအကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားတာပဲ ဖြစ်ပါတယ် ။ မြင့်မြတ်ဟာ ၂၀၁၇ခုနှစ်​အတွက်​ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ကို အမှောင်တွေရွာချတဲ့မိုးတိမ်​ (ကျွန်​) ရုပ်​ရှင်​ဇာတ်​ကားကြီးနဲ့ ဆွတ်​ခူးရယူခဲ့ပါသေးတယ် ။

1

မြင့်မြတ်​ ဟာအောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်​လမ်း မနုတ်ကိုကိုဇော်​ ၊ ဇာတ်​ညွှန်း ဆဲဗင်းဒေး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်​ကူးပြီး…မြင့်​မြတ်​၊ ​ရွှေမှုံရတီ၊ နန်းဆုဦး၊ မင်းဦး၊ ​ကျော်​ဇင်​ထွဋ်​၊ ဟိန်းမင်း တို့အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီးမှာ ဦးနှောက်သေးပြီး နှလုံးသား ကြီးသွားတဲ့ ငဒူ မြင့်​မြတ်​တဲ့စိတ်​ထားနဲ့ ရည်​မှန်းချက်​ မြင့်​မြတ်​​လွန်းတဲ့ ငဒူ ၊ ပရိသတ်​တွေ​ကြည့်ပြီး ရယ်တော့ ရယ်နေရတယ်။ဒါပေမဲ့ ရင်နာနာ နဲ့ ရယ်ရင်​ ​မော​စေခဲ့ရတဲ့ ငဒူ အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ် ။

2

3

4အာဏာ၊ ဥစ္စာ ၊ ငွေကြေး တစ်စုံတစ်ခုခု ရှိနေမှ လှပမယ်လို့ ထင်နေကြတဲ့ လူ့လောကကြီးမှာ ဦးနှောက်သေးပြီး နှလုံးသားကြီးတဲ့ မိဘမဲ့ တစ်ယောက်ဖြစ်တဲ့ ငဒူက မမြင်နိုင်တဲ့ ကွက်လပ်လေးတစ်ခု ဖြည့်သွားရင်း ဦးနှောက်ကြီးပြီး နှလုံးသား သေးတဲ့ အတ္တသမားတွေကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ရုပ်ရှင် ရဲ့ စွမ်းအားနဲ့ လမ်းညွန်ေ​ထာက်​ပြနိုင်​ခဲ့သည့်​အပြင်​ ဒီဇာတ်ကား ရုံတင်တဲ့အခါမှာလည်း ရုံပြည့်ရုံလျှံအားပေးခဲ့ကြသလို တစ်ရုံလုံးမျက်ရည်ကျစေခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်လို့ ဒီကားနဲ့ မြင့်မြတ်တစ်ယောက် အကယ်ဒမီ ဆုတစ်ခု ထပ်ယူဦးမလားလို့ ထင်မှတ်ရပါတယ် ။ ပရိသတ်ကြီးရော မြင့်မြတ်ကို အကယ်ဒမီရစေချင်ပြီလား မှတ်ချက်ပေးခဲ့ကြပါဦးနော် ။

Source : Academy Feeling