Home အနုပညာ ခင်ပွန်းဟောင်းဖြစ်တဲ့ သမီးလေးရဲ့ဖေဖေကို ပရိသတ်ကြီးကိုချပြလိုက်တဲ့ လုလုအောင်

ခင်ပွန်းဟောင်းဖြစ်တဲ့ သမီးလေးရဲ့ဖေဖေကို ပရိသတ်ကြီးကိုချပြလိုက်တဲ့ လုလုအောင်

3510
0

လက်ရှိမှာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မော်ဒယ်လ် လုလုအောင်ဟာ အွန်လိုင်းမီဒီယာထက်ကနေ အချိန်တိုလေးအတွင်း လူသိများနာမည်ရလာခဲ့တဲ့ sexy model တစ်ယောက်ဖြစ်ပြီး ပုရိသတွေရဲ့ နုတ်ဖျားမှာ တသသ ဆိုရလောက်အောင် အလှသတင်းကြီးသူ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး Single Mother တစ်ယောက်အဖြစ် ရပ်တည်နေသူမိခင်တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တို့ အားလုံးသိပြီးဖြစ်သလို သူမရဲ့ သမာအာဇီဝကျကျ အနုပညာအလုပ်တွေနဲ့အတူသူမရဲ့သမီးလေးအတွက် ရပ်တည်ကာ အလုပ်တွေကြိုးစားနေသူလေးလည်းဖြစ်ပါတယ်။

ငယ်ရွယ်ပြီး လွတ်လပ်သူ အမျိုးသမီး၊ မိခင်တစ်ယောက်အနေနဲ့ လုလုအောင်ဟာ နောက်ထပ်အိမ်ထောင် မပြုဖြစ်သေးပေမဲ့လည်း အရင်ခင်ပွန်းဟောင်းဖြစ်သူ နဲ့ သူမတို့ရဲ့ ဆက်ဆံရေးကတော့ လက်ရှိမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေသာ ဖြစ်ကြောင်း လူမှုကွန်ရက်ကနေ ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင်း အိမ်ထောင်ရေးကို ပြတ်ဆဲလမ်းခွဲခဲ့ ကြပေမဲ့လည်း သမီးလေးရဲ့ (၁၂) နှစ်ပြည့်မွေးနေ့မှာ ပြန်လည် ဆုံတွေ့ခဲ့ကြပြီး သမီးလေးရဲ့ အမှတ်တရ နေ့လေးကို ပြီးပြည့်စုံစေခဲ့တာဖြစ်ပါတယ်။

လုလုအောင်ရဲ့ ခင်ပွန်းဟောင်းကတော့ လက်ရှိမှာ Travel & Tour လုပ်ငန်းစု တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး လူရိုးလူအေးတစ်ယောက် ဖြစ်သလို လက်ရှိမှာ သူကိုယ်တိုင်လည်း လူလွတ်တစ်ယောက်ဖြစ်ပါတယ်။ လုလုအောင် ကိုယ်တိုင်ကလည်း
လက်ရှိမှာ တရားဝင်ချစ်သူလည်း မရှိသေးတာမို့ သမီးလေးရဲ့ မွေးနေ့မှာ ခင်ပွန်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြလို့ ပရိသတ်တချို့ကလည်း သ၀န်တိုနေကြသလို လုလုအောင်ကို ချစ်ကြတဲ့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။