Home အနုပညာ ဒါရိုက်တာဏကြီးဘယ်လောက်ရိုင်းလဲ ဆိုတာကို ပြောပြလိုက်တဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာဏကြီးဘယ်လောက်ရိုင်းလဲ ဆိုတာကို ပြောပြလိုက်တဲ့ ပိုင်ဖြိုးသု

5149
0

ပရိသတ်ကြီးရေ.. ပြည်သူ့အချစ်တော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ကတော့ (၂၀၁၉)ခုနှစ်ရဲ့နှစ်သစ်လေးမှာ ရွှေလက်တွဲပြီး လက်ထပ်လိုက်ကြပါပြီနော်..။ နှစ်ယောက်သားက အနုပညာအလုပ်တွေကိုပဲ လုပ်နေတာဖြစ်လို့ အထွေအထူးဘာမှညှိစရာမလိုတဲ့အပြင် တစ်ယောက်ကိုတစ်ယောက်လည်း ဖေးမကူညီလို့ရတဲ့ အနုပညာရှင်စုံတွဲလည်း ဖြစ်ပါတယ် ။

လတ်တလောမှာတော့ ပိုင်ဖြိုးသုတစ်ယောက် သူမခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးရဲ့ အကြောင်းတွေကို ဖောက်သည်ချလိုက်ပါတယ် ပရိသတ်ကြီးရေ ..။

” ကိုဏကြီးတို့များ ရိုင်းချက်ကိုပြောပြမယ်…ဟိုနေ့က ရုတ်တရက်ကြီးစိတ်ကူးထပေါက်ပြီးပြောတယ်…“ကျွန်တော်က မွေးမြူရေးသူဌေး” ဆိုပဲ….ဒီကလည်း အမှတ်မရှိသွားမေးမိတယ်…“ဘာတွေများရှင်ကမွေးထားလို့ မွေးမြူရေးသူဌေး ဖြစ်တာလဲ”လို့…သူကြီးကပြန်ဖြေတယ်….“ကျွန်တော်က ဂါမဏိဆိုတဲ့ခွေးဂျပုတစ်ကောင်ကိုပိုင်သလို ပိုင်ဖြိုးသုဆိုတဲ့ ဝက်ဂျပုတစ်ကောင်လည်းပိုင်တယ်လေ” တဲ့….
သူများကိုစော်ကားတာကြည့်နေ…ပိန်အောင်ဝိတ်ချပြမယ်ပိန်ချင်နေပါပြီ ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။ သုသုတို့ဇနီးမောင်နှံကိုချစ်တဲ့ ပရိသတ်ကြီးလည်း တစ်ယောက်ကို တစ်ယောက် ကြည်စားနေကြတဲ့ သုသုတို့အတွဲကို အားကျနေကြပြီထင်ပါတယ် နော် ။

Source : CeleGabar