Home အနုပညာ မီးဖိုချောင်ထဲက ပစ္စည်းတွေကို ဇွန်းတစ်ချောင်းနဲ့ တီးဝိုင်းလိုပုံစံ တီးနေတဲ့ အေသင်ချိုဆွေရဲ့တစ်ဦးတည်းသောသမီးလေး အိုင်ဗွီ

မီးဖိုချောင်ထဲက ပစ္စည်းတွေကို ဇွန်းတစ်ချောင်းနဲ့ တီးဝိုင်းလိုပုံစံ တီးနေတဲ့ အေသင်ချိုဆွေရဲ့တစ်ဦးတည်းသောသမီးလေး အိုင်ဗွီ

1080
0

ပရိတ်သတ်ကြီးရေ တေးသီချင်းလောကမှာ နာမည်တစ်ခုရနေတဲ့ အေသင်ချိုဆွေကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာနှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပါတယ်။အေသင်ချိုဆွေက အနုပညာလောကထဲကို စစဝင်ချင်မှာပဲ ပေါက်တဲ့အိုး စီးရီးနဲ့ လူငယ်တွေကြားထဲမှာ အရမ်းကိုရေပန်းစားခဲ့ပါတယ်။အေသင်ရဲ့ အသံချိုချိုလေးတွေနဲ့ သီဆိုထားတဲ့ သီချင်းလေးတွေက ပရိတ်သတ်တွေရဲ့ခံစားချက်တွေနဲ့ ထပ်တူညီလို့ အရမ်းကိုပေါက်ခဲ့ပါတယ်နော်။

အေသင်က ခဏတာလောက် အနုပညာလောကထဲကနေ ပျောက်သွားခဲ့ပြီး ယခုချိန်မှာတော့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ချစ်စရာသမီးလေးတစ်ယာက်ကိုလည်းမွေးဖွားထားပြီး သမီးလေးအတွက် အရင်ကထက်နှစ်ဆ အလုပ်တွေကို ပိုကြိုးစားနေပါတယ်။သမီးလေးကို အိုင်ဗွီလို့ ချစ်စရာနာမည်ဆန်းဆန်းလေးပေးထားပြီး အိုင်ဗွီလေးကလည်း သွက်သွက်လက်လက်လေးနဲ့ အရမ်းကိုချစ်စရာကောင်းပါတယ်။

အခုဆိုရင်အိုင်ဗွီလေးကလည်း မေမေနဲ့အဖော်ရမယ့် အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ ဘယ်သွားသွား သမီးလေးနဲ့အတူတူသွားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။အိုင်ဗွီလေးကလည်း မေမေအေသင်ရဲ့ အနုပညာသွေးတွေစီးဆင်းနေတာဖြစ်လို့ ဂီတသံကြားရင် ပျော်မြူးနေတတ်ပြီး သံစဉ်လေးတွေကို အရမ်းချစ်မြတ်နိုးတဲ့ ပုံလေးပါ။အခုဆိုရင်လည်း အိုင်ဗွီလေးက မီးဖိုချောင်ထဲဝင်ပြီး အိုးခွက်တွေကို ဇွန်းတစ်ချောင်းနဲ့ လိုက်တီးနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်။

Source:Athen Cho Swe