Home အနုပညာ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု


483
0


ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု 1

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု 2

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု 3

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု 4


Unicode

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ အပြီးသတ်ကြားနာတော့မယ် မိုးအောင်ရင်ရဲ့အမှု

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခဲ့တာ ပရိသတ်တွေသိပြီး ဖြစ်မှာပါ ။ နိုဝင်ဘာ(၂၆) ရက်နေ့ကလည်း ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့တယ် လို့သိရှိရပါတယ်။ အယူခံဝင်ခြင်းကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ(၈) ရက်နေ့တွင် အပြီးသတ်ကြားနာ သွားမည်ဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးကသိရပါတယ် ။ ဒီအမှုနဲ့ပတ်သက်ပြီး
ရာဇဝတ်အယူခံမှုအမှတ် ၁၈၁/၂၀၁၈ဖြင့်ကြားနာမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်ကြားရေးမှုးရှေ့နေ ဦးမိုးကျော်ကပြောပြခဲ့ပါတယ် ။

“၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့အယူခံဝင်ခဲ့တဲ့ မိုးအောင်ရင်ရဲ့ အမှုကို ကျွန်တော်တို့ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီ(၈) ရက်နေ့မှာ အပြီးသတ်ကြားနာသွားမှာပါ။ မိုးအောင်ရင်ရဲ့ အယူခံဝင်တဲ့ အမှတ်က ၁၈၁/ ၂၀၁၈ပါ။ မိုးအောင်ရင်က တရားခံဆိုရင် နိုင်ငံတော်က တရားလိုအနေနဲ့ အမိန့်ချသွားမှာ ဖြစ်ပါတယ်” ဖြေကြားပေးခဲ့ပါတယ်။