Home အနုပညာ အိမ်ထောင်သက်တမ်း ၁၀ နှစ်ပြည့်ပြီဖြစ်တဲ့ ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင်

အိမ်ထောင်သက်တမ်း ၁၀ နှစ်ပြည့်ပြီဖြစ်တဲ့ ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင်

493
0

အဆိုတော် ကော်ဘရာက ဇနီးချောလေး ခင်မဉ္ဇူခိုင် ကို တစ်နေ့ထက် တစ်နေ့ ပိုတိုးလို့ ချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဒီနေ့ကတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့်ပါပြီ။

အဆိုတော်ကော်ဘရာနဲ့ သရုပ်ဆောင် ခင်မဉ္ဇူခိုင် တို့ရဲ့ အိမ်ထောင်သက်တမ်းက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ၁၀ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ချစ်ဇနီးချောလေး ခင်မဉ္ဇူခိုင်အတွက် ကော်ဘရာက ရင်ထဲက စကားတွေကို အမှတ်တရလက်ဆောင်ပါးခဲ့ပါတယ်။

‘’မိန်းမ​ရေ ငါတို့အိမ်​​ထောင်​သက်​ကဒီ​နေ့ ၁၀နှစ်​ပြည့်​ပြီဟ။ ငါစိတ်​ထဲ​တော့ မ​နေ့တစ်​​နေ့ကလိုပါပဲ။ မRoတက်​​ပေမဲ့ အပျိုက ထက်​​တောင်​ ပိုချစ်​​သေးတယ်​ အာဘွား ၁သိန်း’’ ဆိုပြီးတော့ အဆိုတော် ကော်ဘရာရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၉ နာရီခွဲက ရေးသားခဲ့တာဖြစ်ပါတယ်။

ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင် တို့ဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမဆုံး သမီးဖြစ်တဲ့ မှူးမြတ်သခင် ကိုတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာပါ။ အဲဒီနောက် ဒုတိယမြောက်ရင်သွေးလေး Nora ကိုတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကော်ဘရာဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ‘’ ကျွန်တော်နှင့် အပိုင်းအစများ’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကို ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’ဆွေးမြေ့အသည်း’’၊ ‘’တောင်းတဲ့ဆု’’ ဆိုတဲ့ သီချင်းတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း ဂီတဖျော်ဖြေရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ခင်မဉ္ဇူခိုင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေရရှခဲ့တဲ့ ဇာတ်ကားကတော့ ‘’ကြိုးဝိုင်းထဲက သံယောဇဉ်’’ ဗီဒီယိုဇာတ်ကားဖြစ်ပါတယ်။အခုလက်ရှိမှာလည်း ‘’ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူ’’ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူမဟာ အခုဆိုရင် ချစ်ရတဲ့ခင်ပွန်း နဲ့ အတူ သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေသူဖြစ်ပါတယ်။