Home အနုပညာ အစ်မဖြစ်သူ ဖွေးဖွေး အကယ်ဒမီရသွားတဲ့အတွက် ဂုဏ်ယူကြောင်းပြောလိုက်တဲ့ ဝတ်မှုံရွှေရည်

အစ်မဖြစ်သူ ဖွေးဖွေး အကယ်ဒမီရသွားတဲ့အတွက် ဂုဏ်ယူကြောင်းပြောလိုက်တဲ့ ဝတ်မှုံရွှေရည်

1741
0

ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကတော့ ရသင့်ရထိုက်သူတွေ အကယ်ဒမီရရှိပြီး အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုများကို စုစုပေါင်း(၁၂) ဆု ပေးအပ်ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မျှော်မှန်းထားတဲ့သူတွေနဲ့ လွဲချော်ခဲ့ရပေမယ့်လဲ အနုပညာရှင်တွေကတော့ ရသွားခဲ့တဲ့သူတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတသာ ဂုဏ်ယူနေတာကို တွေ့ရပါတယ်။

ဖွေးဖွေးကလဲ ” ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ဖွေးဖွေးအတွက် ညီမဖြစ်သူ ဝတ်မှုံရွှေရည်က ဂုဏ်ယူနေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က ဖွေးဖွေး စင်မြင့်ထက်မှာ အကယ်ဒမီ ဆုယူနေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး “Congratulation ဖွေး” ဆိုပြီး သူမရဲ့ Instagram မှာ မျှဝေထားတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က သူမကိုယ်တိုင်လဲ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် အကယ်ဒမီ စံကာတင်စာရင်းဝင်ခဲ့ပေမယ့် ကံမကောင်းစွာ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မ နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ကြင်ကြင်နာနာ ရှိကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးချစ်တဲ့ ဝတ်မှုံရွှေရည်လဲ ဒီနှစ်မှာတော့ အကယ်ဒမီဆုကြီးနဲ့ ကံမကောင်းစွာ ဝေးကွာခဲ့ရပေမယ့် နောင်နှစ်တွေမှာ အကယ်ဒမီဆုကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay