Home အနုပညာ ဖေဖေ Rဇာနည်ရဲ့ မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ်ယူခဲ့ကြတဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်

ဖေဖေ Rဇာနည်ရဲ့ မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ်ယူခဲ့ကြတဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်

473
0

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ကြီး Rဇာနည်ကတော့ အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို အကောင်းဆုံး သီဆိုလေ့ရှိသူတစ်ဦးပါ။ အဆိုလောကမှာ အရမ်းကို အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ရတဲ့ သူကတော့ မိသားစုရေး အိမ်ထောင်ရေးမှာလည်း အရမ်းကို ကံကောင်းလွန်းတဲ့ သူတစ်ဦးပါ။ အရမ်းကို သာယာပြီး ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ အာဇာနည်ရဲ့ ဘဝလေးကတော့ အေးချမ်းတည်ငြိမ် လွန်းလှပါတယ်နော်။

မိသားစုရေး အိမ်ထောင်ရေးမှာ အရမ်းကို ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ရရှိထားခဲ့ရတဲ့ အာဇာနည်ကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ပွဲကို ချစ်ရတဲ့ သူတွေနဲ့အတူ အလှူအတန်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ အာဇာနည်ရဲ့ မွေးနေ့ပွဲမှာ ချစ်စရာကောင်းတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ် သားလေးနှစ်ယောက်ကလည်း အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့တာပဲ ဖြစ်ပါတယ်။

မွေးနေ့မှာ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကြတဲ့ သားလေးနှစ်ယောက်အကြောင်းကို ” ပါပါးမွေးနေ့ အိမ်မှာ သစ်တံခါး ဆရာတော်ဘုရား အားဆွမ်းကပ်လှူဒါန်း 🙏🏻🙏🏻🙏🏻 ” ဆိုတဲ့ စာသားလေးနဲ့ ဖစ်ဖစ်ချစ်ချစ်ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ပါးပါးရဲ့ မွေးနေ့ပွဲမှာ ပျော်ပျော်ရွင်ရွှင်နဲ့ ကုသိုလ်ယူခဲ့ကြတဲ့ ဖစ်ဖစ် ချစ်ချစ်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

ပါးပါးရဲ့ မွေးနေ့ပွဲမှာ ပါဝင်အလှူပြု ကုသိုလ်ယူပြီး ပျော်ရွှင်နေခဲ့တဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားကြီး ဖစ်ဖစ်တုန် ရဲ့ ချစ်စရာကောင်းတဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

ပါးပါးရဲ့ မွေးနေ့ပွဲမှာ ပါဝင်အလှူပြု ကုသိုလ်ယူပြီး ပျော်ရွှင်နေခဲ့တဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန် ရဲ့ ချစ်စရာကောင်းတဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

ပါးပါးရဲ့ မွေးနေ့ပွဲမှာ ပါဝင်အလှူပြု ကုသိုလ်ယူပြီး ပျော်ရွှင်နေခဲ့တဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားလေး ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

မွေးနေ့ပွဲမှာ ချစ်ရတဲ့ သူတွေနဲ့အတူ အလှူပြုကုသိုလ်ယူခဲ့ကြတဲ့ အာဇာနည်နဲ့ ဝမ်းတို့ မိသားစုရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း သဘောကျ ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ အိမ်ထောင်သက် ၁၅ ကျော် ကြာခဲ့သည့်တိုင်အောင် ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဘဝခရီးကို ဖြတ်သန်းနေထိုင်ခဲ့ကြတဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ မိသားစုဘဝလေးကို ပရိသတ်ကြီးလည်း သဘောကျ ကြည်နူးမိမယ်လို့ ထင်ပါတယ်။  မိုမိုလေး