Home အနုပညာ မုဒြာရဲ့ခေါ်သံဇာတ်ကား ပိုစတာကို Tattoo ထိုးပြီး ခီမောင်နှံကိုအပြတ်အသတ်ဝန်းရံလိုက်တဲ့ Tattoo Artist

မုဒြာရဲ့ခေါ်သံဇာတ်ကား ပိုစတာကို Tattoo ထိုးပြီး ခီမောင်နှံကိုအပြတ်အသတ်ဝန်းရံလိုက်တဲ့ Tattoo Artist

404
0

ခီမောင်နှံရဲ့ အတူတူပူးပေါင်းတင်ဆက်မှုထဲကတစ်ခုဖြစ်တဲ့ ” မုဒြာရဲ့ခေါ်သံ ” ဇာတ်ကားဟာ ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေမျှော်လင့်ခဲ့ တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ nomination list ထဲထိပါဝင်ခဲ့ပေမယ့် ဆုမရရှိခဲ့တဲ့အတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပိုကောင်းတဲ့ ဖန်တီးတင်ဆက်မှုတွေဆက်လုပ်ဖို့ရှိနေမှာတော့အသေအချာပါပဲ။ ပရိသတ်တွေကလည်း ခီမောင်နှံရဲ့ ထူးခြားတဲ့ တင်ဆက်မှုတွေကို အပြည့်အဝမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Tattoo Artist တစ်ယောက်ဖြစ်တဲ့ ခိုင်ဝင်း ဆိုတဲ့ Facebook Account ပိုင်ရှင်ဟာ ” မုဒြာရဲ့ခေါ်သံ ” ဇာတ်ကား ပိုစတာကို လက်မောင်းအတွင်းသားအပိုင်းမှာ Tattoo ထိုးလိုက်တာပဲဖြစ်ပါတယ်။ အမာခံပရိသတ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါ တယ်။ လေးစားပါတယ်နော်။ ဇာဏ်ခီကလည်း ဒီဓာတ်ပုံလေးကို Share ပြီး ကျေးဇူးတင်စကားဆိုထားတာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီမရခဲ့ပေမယ့် ပရိသတ်တွေပေးတဲ့ ရင်ထဲက အကယ်ဒမီကိုတော့ ရခဲ့ပြီးသားပါ။

နောက်နှစ်တွေမှာ ဒီထက်ပိုကောင်းတဲ့ creation တွေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်တွေကို ရင်သပ်ရှုမောဖြစ်အောင် အံ့မခန်းတင်ဆက် မှုတွေနဲ့ ပိတ်ကားထက်မှာတင်ဆက်ပြသသွားတော့မယ်ဆိုတာအသေအချာပါပဲ။ အမြဲတမ်းနှစ်ယောက်အတူတွဲပြီး ကြိုးစားကြတဲ့ ခီမောင်နှံကို အားပေးသူပရိသတ်တွေကလည်း အများအပြားပါပဲ။ ဒီဇာတ်ကားဟာ International မှာ ဆုတွေရရှိထားပြီးသားဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီလိုဇာတ်ကားကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ Tattoo ထိုးခဲ့တဲ့ Artist ကိုလည်း လေးစားပါတယ်နော်။

Photo – Zenn Kyi / ခိုင်ဝင်း