Home အနုပညာ သီချင်းဆိုရင်း ဒိုင်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ The Voice ပြိုင်ပွဲဝင် လင်းခက်

သီချင်းဆိုရင်း ဒိုင်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ The Voice ပြိုင်ပွဲဝင် လင်းခက်

461
0

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ရတဲ့ The Voice Myanmar Season 2 Blind Audition ပွဲကြီးက တဖြည်းဖြည်းနဲ့ ပဉ္စမအပတ်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ တစ်ပတ်ထက်တစ်ပတ် ပြိုင်ပွဲဝင်တွေက ကောင်းမွန်သူတွေ ထွက်ပေါ်လာသလို အကြိတ်အနယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ပြိုင်ပွဲဝင်တွေကလဲ ကောင်းမွန်သူတွေချည်းပဲမို့ ပရိသတ်တွေနဲ့အတူ ဒိုင်းလေးဦးကလဲ တော်တော်သဘောကျကြတာကို တွေ့ရပါတယ်။


မနေ့က ပြိုင်ပွဲဝင်တွေထဲကမှ ပျော်ပျော်နေတတ်တဲ့ ပြည်သားလေး လင်းခက်ကလဲ ထူးအိမ်သင်ရဲ့ “ညီမလေး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ လင်းခက်ရဲ့ သီဆိုဖျော်ဖြေမှုနဲ့ Performance ကို ဒိုင်လေးဦးစလုံးနဲ့အတူတူ ပရိသတ်တွေကလဲ သဘောကျကြိုက်နှစ်သက် အားပေးခဲ့ကြပါတယ်။


လင်းခက်ကတော့ ပျော်ပျော်နေတတ်ပြီး ဒိုင်လေးဦးစလုံးကိုလဲ ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောပျော်ရွှင်ရအောင် ဖျော်ဖြေပေးသွားတာကို ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် လင်းခက်ရဲ့ သီဆိုဖျော်ဖြေမှုကို မျှဝေလိုက်ပါတယ်နော်။

လင်းခက် – ညီမလေး


လင်းခက်ကို လှည့်မကြည့်မိတဲ့ ဒိုင်လေးဦးစလုံးက တော်တော်လေး စိတ်မကောင်းဖြစ်နေကြတာကို တွေ့ရပါတယ်။ လင်းခက်ကတော့ ရန်ရန်ချမ်းရဲ့ Team YC အဖွဲ့ကနေ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လင်းခက်တစ်ယောက် Final ထိ တက်လှမ်းနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးပါဦးနော်။ မိုမိုလေး