Home အနုပညာ (၇၂) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကို ရိုးရာဝတ်စုံလေးတွေနဲ့ ကြိုဆိုခဲ့ကြတဲ့ အနုပညာရှင်များ

(၇၂) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကို ရိုးရာဝတ်စုံလေးတွေနဲ့ ကြိုဆိုခဲ့ကြတဲ့ အနုပညာရှင်များ

564
0

အနုပညာလောကမှာ ကျော်ကြားအောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ ရှမ်းတိုင်းရင်းသား အနုပညာရှင်တွေလည်း အပါအဝင် ဖြစ်ကြပါတယ်။ တိုင်းရင်းသားအနုပညာရှင် အများစုကတော့ သူတို့ချစ်တဲ့မွေးရပ်မြေကို ခဏတာစွန့်ခွာပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေအတွက် ရန်ကုန်မြို့မှာ အခြေချနေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိထားကြတာ ဖြစ်ပါတယ်။

ရှမ်းသွေးအပြည့်ပါဝင်တဲ့ ရှမ်းတိုင်းရင်းသား အနုပညာရှင်တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ စိုင်းစည်တွမ်းခမ်း၊ ဝတ်မှုန်ရွှေရည်၊ နန်းခင်ဇေယျာ၊ နန်းဆုရတီစိုး၊ နန်းစန္ဒာလှထွန်းတို့ကတော့ လက်ရှိအနုပညာလောကမှာ အကြီးအကျယ်အောင်မြင်မှုတွေရရှိထားကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ကျရောက်ခဲ့တဲ့ (၇၂) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကိုတော့ ရှမ်းတိုင်းရင်းသားအနုပညာရှင်တွေက ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်ပြီး ကြိုဆိုခဲ့ကြပါတယ်။

စိုင်းစိုင်းကတော့ သူရဲ့ငယ်ဘဝက ရိုးရာဝတ်စုံနဲ့ ပုံလေးကိုပြန်တင်ထားသလို မင်းသမီးလေး ရွှေကစ်ကလည်း “ရှမ်းသွေးပါတဲ့ မိုးကုတ်သူတစ်ယောက်ပါ” ဆိုပြီး ပြောထားပါတယ်။ မင်းသမီးလေး နန်းစန္ဒာလှထွန်းနဲ့ မင်းသားချောလေး အောင်မင်းခန့်တို့ကလည်း ရှမ်းတိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ရှမ်းပြည်နယ်နေ့ကို ကြိုဆိုထားကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရှမ်းတိုင်းရင်းသား အနုပညာရှင်တွေနဲ့ ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: NanSandarHlaHtun ,NansuYatiSoe, SaiSaiKhamLeng & WuttHmoneShweYi;

photo credit