Home အနုပညာ အတူပွဲတက်ရင်း ​​ယွန်းယွန်း​​လေးကို စ​နောက်​​နေတဲ့ အုပ်​စိုးခန့်​ရဲ့ ဗီဒီယို

အတူပွဲတက်ရင်း ​​ယွန်းယွန်း​​လေးကို စ​နောက်​​နေတဲ့ အုပ်​စိုးခန့်​ရဲ့ ဗီဒီယို

1388
0

ကိုရီးယားမင်းသားလေးလို ရုပ်ဖြောင့်ပြီး ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ အမိုက်စားသီချင်းတွေကိုလည်း အထာကျကျသီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ ချစ်စရာကောင်မလေး ယွန်းယွန်းနဲ့ တွဲနေတာလားလို့ မကြာခဏဆိုသလို ပရိသတ်တွေက ထင်ကြေးပေးနေကြပေမယ့် နှစ်ယောက်လုံးက ငြင်းဆန်ထားခဲ့ကြတာပါ။ လတ်တလောမှာတော့ အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်​ဦးက Oreo Launch ကို နှစ်​​ယောက်​သားအတူတက်​​ရောက်​ခဲ့တာ ​တွေ့ရပါတယ်​။ အဆိုပါပွဲမှာ​တော့ အုပ်​စိုးခန့်​တစ်​​ယောက်​ ယွန်းယွန်း​လေးကို ချစ်​စရာ​ကောင်း​အောင်​ စ​နောက်​​နေတဲ့ဗီဒီယို​လေးကို အင်​စတာဂရမ်​မှာ တင်​ထားတာ​တွေ့ရပါတယ်​။

ပရိသတ်​​တွေအတွက် ချစ်​စရာ​ကောင်းတဲ့ အုပ်​စိုးခန့်​နဲ့ ယွန်းယွန်း​လေးတို့ရဲ့ ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

အုပ်​စိုးခန်းက​တော့ စ​နေရရင်​ ​ပျော်​​နေတာပဲ😂

ယွန်းယွန်းကို စ​နေတဲ့ အုပ်​စိုးခန့်​ရဲ့ ဗီဒီယို

အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ လတွေက သင်္ကြန်သီချင်းတစ်ပုဒ်မှာ အတူတွဲသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အုပ်​စိုးခန့်​နဲ့ ယွန်းယွန်းတို့နှစ်​ဦးက​တော့ မကြာခင်​မှာလည်း အတူတွဲလုပ်​ထားတဲ့ အနုပညာတစ်​ခုကို ချပြဖို့ရှိတယ်​လို့ သိရပါတယ်​။ ချစ်ပရိသတ်တွေလည်း ပွဲအတူတက်​ရင်း ခင်​မင်​ရင်းနှီးစွာ​တွေ့ရတဲ့ အုပ်​စိုးခန့်​နဲ့ ယွန်းယွန်း​လေးတို့ နှစ်​​ယောက်​ကိုချစ်​ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay