Home အနုပညာ Live လွှင့်ရင်းနဲ့ ဟာသတွေပြောပြီး အူဝဲကို လိုက်စနောက်နေတဲ့ ပြေတီဦးရဲ့ ဗီဒီယိုဖိုင်လေး

Live လွှင့်ရင်းနဲ့ ဟာသတွေပြောပြီး အူဝဲကို လိုက်စနောက်နေတဲ့ ပြေတီဦးရဲ့ ဗီဒီယိုဖိုင်လေး

629
0

ပရိသတ်တွေချစ်ရတဲ့ မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့စုံတွဲလေးကတော့ လက်ရှိမှာ ခရီးထွက်ရင်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အိမ်ထောင်သက်တမ်း (၈) နှစ် ရှိပြီဖြစ်တဲ့ ဦးတီနဲ့ တီဝဲတို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုလည်း ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ ပြေတီဦးတို့စုံတွဲလေးက အနုပညာလောကမှာ အောင်မြင်မှုကြယ်ပွင့်တွေ အသီးသီး ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့စုံတွဲလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရပြီး အားလပ်ချိန်မရှိလောက်အောင် အလုပ်တွေရှုပ်နေကြတာ ဖြစ်ပါတယ်။ အခုတော့ ပြေတီဦးတို့နှစ်ယောက်က အားလပ်ချိန်လေး ရတုန်းရခိုက်မှာ မြစ်ကြီးနားဘက်ကို အပျော်ခရီးထွက်ခဲ့ကြပါတယ်။ ပြေတီဦးက ” မြစ်ကြီးနား ဟန်းနီးမွန်းခရီး” ဆိုပြီး ချစ်ဇနီးလေးနဲ့အတူ ခရီးထွက်နေတဲ့ ပုံလေးကို တင်ပေးထားတာ တွေ့ရပါတယ်။

အခုလည်း ပြေတီဦးနဲ့ အူဝဲတို့နှစ်ယောက်က ပရိသတ်တွေနဲ့ အလွမ်းပြေစကားပြောဖို့ စက်လှေစီးရင်း Live လွှင့်ပေးခဲ့ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဦးတီတစ်ယောက် ချစ်ဇနီးလေး အူဝဲကို ဘေးကနေ လိုက်စနောက်ရင်း စကားတွေပြောနေတာလေးကလည်း အရမ်းကို ကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ဦးတီနဲ့တီဝဲတို့ဇနီးမောင်နှံရဲ့ ပျော်ရွှင်စရာ live ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။