Home အနုပညာ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးတွေကို တူညီဆင်မြန်းပြီး ပွဲလယ်တင့်ခဲ့ကြတဲ့ တိုင်ရွန်နဲ့ မိုးဟေကို

ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးတွေကို တူညီဆင်မြန်းပြီး ပွဲလယ်တင့်ခဲ့ကြတဲ့ တိုင်ရွန်နဲ့ မိုးဟေကို

1060
0

မော်ဒယ်၊ မင်းသားချော တိုင်ရွန်ကတော့ လတ်တလော မိန်းကလေးပရိသတ်တွေကြားမှာ အကြီးအကျယ် ရေပန်းစားအောင်မြင်မှု ရရှိနေတဲ့ ကိုယ်တော်ချောလေး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရပြီဖြစ်တဲ့ တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မနားတမ်း လက်ခံရိုက်ကူးနေရပါတယ်။ အခုလည်း တိုင်ရွန်က ထိပ်တန်းမင်းသမီးတစ်ဦးနဲ့အတူ လိုက်ဖက်ညီနေတဲ့ ပုံလေးကို တင်ထားပါတယ်။

တိုင်ရွန်က မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး မိုးဟေကိုနဲ့အတူ လက်ရှိမှာ ကြော်ငြာလေးတစ်ခုကို လက်ခံရိုကူးနေတာ ဖြစ်ပါတယ်။ တိုင်ရွန်နဲ့ မိုးဟေကိုတို့နှစ်ယောက်ကတော့ နာမည်ကြီး ပိုးထည်တိုက်တစ်ခုဖြစ်တဲ့ ” ရွှေလွန်းလိပ်ပြာ” ရဲ့ ကြော်ငြာလေးမှာ လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့တန်ဖိုးထားရတဲ့ ရိုးရာဝတ်စုံလေးတွေကို ဆင်တူဝတ်ဆင်ပြီး သူတို့နှစ်ဦးက ကျက်သရေရှိစွာ ပွဲလယ်တင့်နေတာ ဖြစ်ပါတယ်။

တိုင်ရွန်က “Coming soon ရွှေလွန်းလိပ်ပြာ ပိုးထည်တိုက် ကြော်ငြာလေးပါဗျ Thz u so much Sayar John Lwin ” ဆိုပြီး သူတို့နှစ်ဦးရဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ်။ တိုင်ရွန်ရဲ့ အမာခံပရိသတ်တစ်ချို့ကတော့ မိုးနဲ့ရိုက်ကူးထားတဲ့ ပုံလေးကို သဝန်တိုနေကြတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တိုင်ရွန်နဲ့ မိုးဟေကိုတို့ရဲ့ အတွဲညီနေတဲ့ အမိုက်စားပုံလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Tyron Bejay;