Home အနုပညာ ရှုတင်မှာ အလုပ်ရှုပ်နေတဲ့ မေမေ့အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး လူကြီးလေးတစ်ယောက်လို စာဖတ်နေတဲ့ အိုင်ဗီလေးရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်

ရှုတင်မှာ အလုပ်ရှုပ်နေတဲ့ မေမေ့အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး လူကြီးလေးတစ်ယောက်လို စာဖတ်နေတဲ့ အိုင်ဗီလေးရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်

1583
0

ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ အဆိုတော်အေသင်ချိုဆွေရဲ့ သမီးလေးအိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။

ဝဝကစ်ကစ်ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် အသည်းယားစရာ အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတဲ့ အိုင်ဗီလေးရဲ့ ပုံရိပ်လေးတွေဆိုလည်း မမှားပါဘူး..။

အေသင်ချိုဆွေကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို ခုတစ်ခါမှာလည်း အသည်းယားစရာကောင်းတဲ့ သမီးလေးအိုင်ဗီရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ အချစ်တော်လေး အိုင်ဗီလေးကတော့ မေမေ့ရဲ့ ရှုတင်ကို လိုက်သွားပြီး အလုပ်ရှုပ်နေတဲ့ မေမေ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး လူကြီးလေးတစ်ယောက်လို စာအုပ်ဖတ်နေတဲ့ အိုင်ဗီလေးရဲ့ အသည်းယားစရာ ဗီဒီယိုလေးကို တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်..။

အေသင်က သူမရဲ့ဖေ့ဘွတ်စာမျက်နှာကနေ “Doctor ဒေါ်ခင်ပြုံးကြည် နဲ့ ကျန်းမာရေး နဲ့ပတ်သတ်တဲ့

အမေးအဖြေ အစီအစဉ် ရိုက်ကူးရေးနေ့ကတုန်းလည်း

ဆူညံပွက်လောရိုက်နေတာ

စာအုပ်ပေးလိုက်မှ ငြိမ်သွားတယ် စတိုင်ကိုရှိုးလိုက်ဦး..” ဆိုပြီး သမီးလေးအိုင်ဗီရဲ့ အသည်းယားစရာကာင်းလွန်းတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိ မျှဝေထားတာပဲ ဖြစ်ပါတယ်..။

လူကြီးလေးတစ်ယောက်လိုဘစာအုပ်ဖတ်နေတဲ့လအိုင်ဗီလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း အသည်းယားသဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Video ကြည့်ရန်

Photo – အေသင်ချိုဆွေ