Home အနုပညာ သားရှင်နဲ့သမီးရှင်တွေဖြစ်ကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့စန္ဒီမြင့်လွင်တို့ စုံတွဲတွေ ဆုံခဲ့တဲ့ည

သားရှင်နဲ့သမီးရှင်တွေဖြစ်ကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့စန္ဒီမြင့်လွင်တို့ စုံတွဲတွေ ဆုံခဲ့တဲ့ည

652
0

ပရိတ်သတ်ကြီးရေ အဆိုတော် စန္ဒီမြင့်လွင်နဲ့သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းတို့ကတော့ ရင်သွေးလေးတွေကို ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတွေပဲဖြစ်ပါတယ်။ဒီဒီးနဲ့နန်းမြတ်က အနုပညာလောကသားတွေပဲဖြစ်လို့ နှစ်ယောက်လုံးက ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။အခုချိန်ထိ ဒီဒီးက သီချင်းအသစ်အသစ်တွေကိုဖန်တီးနေပြီး နန်းမြတ်ကတော့ ကိုယ်ဝန်ရင့်လာပြီဖြစ်လို့အနုပညာအလုပ်တွေကိုနားထားပါတယ်။နှစ်ယောက်လုံးက အနုပညာတွေလည်းအတူတူတွဲပြီးလုပ်ကိုင်ခဲ့ကြဖူးပါတယ်။

ဒီဒီးကလည်း ပြည့်ပြည့်လုံးလုံးလေးနဲ့ အရမ်းပဲချစ်စရာကောင်းသလို နန်းမြတ်ဖြိုးသင်းကလည်းတစ်မျိုးလေးလှပါတယ်။နှစ်ယောက်လုံးက စိတ်သဘောထားဖြူစင်ပြီး ကူညီတတ်သူတွေဖြစ်လို့ သူတို့ကိုခင်တဲ့ ချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေပေါများပါတယ်။အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အတူတူတွဲ ပြီးမလုပ်ကိုင်ပေမယ့် နှစ်ယောက်လုံးက ဖိတ်ကြားသမျှပွဲအခမ်းအနားတွေကိုတော့ ခင်ပွန်းလက်ကိုချိတ်ကာ တက်ရောက်နေပါတယ်။ရင်သွေးလေးတွေကို ကိုယ်ဝန်ဆောင်ထားရပေမယ့်လည်း မိခင်လောင်းလေးတွေက တစ်နေ့တစ်ခြားပိုပိုလှလာကြပါတယ်နော်။

နှစ်ယောက်လုံးက ယောကျာ်းရတာလည်း ရှေ့ဆင့်နောက်ဆင့်ဖြစ်ပြီး ကိုယ်ဝန်ရတော့လည်း ရှေ့ဆင့်နောက်ဆင့်ပဲ ဖြစ်ပါတယ်။ပြီးတော့လည်း ဒီဒီးကသမီးလေးဖြစ်ပြီး နန်းမြတ်ကတော့သားလေးပါ။သူငယ်ချင်းနှစ်ယောက်ကတော့ အခုဆိုရင် သားရှင်နဲ့သမီးရှင်ဆိုပြီး ပီတိတွေဖြာနေရပါတယ်။မနေ့ညမှာဆိုရင် သားရှင်ဖြစ်တဲ့နန်းမြတ်က သမီးရှင်ဖြစ်တဲ့ဒီဒီး ကို ညစာဖိတ်ကျွေးခဲ့ပါတယ်။အတွဲကိုယ်စီက မကြာခင်မှာ မွေးဖွားလာတော့မယ့် ကလေးလေးတွေနဲ့ပတ်သက်ပြီး သားရှင်နဲ့သမီးရှင်ဆိုပြီး ပရိတ်သတ်တွေကို သူတို့ရဲ့အပျော်လေးတွေမျှဝေထားပါတယ်။

Source:Sandy Myint Lwin