Home အနုပညာ နိုင်ငံကိုမချစ်လို့ အမှိုက်ပစ်ကြတာပါဆိုတဲ့ ထက်ထက်ထွန်း

နိုင်ငံကိုမချစ်လို့ အမှိုက်ပစ်ကြတာပါဆိုတဲ့ ထက်ထက်ထွန်း

380
0

လက်ရှိအချိန်မှာ မော်ဒယ်လ်လောကမှာလည်း လူသိများလာပြီး ချစ်စဖွယ်ရုပ်ရည်လေးနဲ့ ချောမောလှပပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံ ချစ်ခင်မှုကို ရရှိနေတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိအချိန်မှာ စည်ပင်ရွေးကောက်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ သူ့အနေနဲ့ တစ်ချို့သော လူတွေက နိုင်ငံကိုမချစ်လို့ အမှိုက်တွေ ပစ်ကြတာပါ အဓိက စိတ်ဓာတ်တွေကို အရင်ပြင်ရပါမယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ထက်ထက်ထွန်း “မဲဆွယ်ကာလကတော့ ဒီ၁၈ရက်နေ့ ကျရင် တရားဝင်ပေါ့နော် ရွေးခံရတဲ့သူဟုတ်မဟုတ်ကို အဲ့နေ့မှ စကြေငြာမှာပေါ့။ အဲ့မှာ ရွေးချယ်ခံရပြီဆိုရင်တော့ ၂လပိုင်း ၂၈ရက်နေ့ကနေ စပြီးတော့ ၃လပိုင်း ၂၈ ၂၉ တစ်လအချိန်ရတယ်ပေါ့ အဲ့တစ်လအတွင်းမှာ မဲဆွယ်စည်းရုံးတဲ့ အချိန်ပေါ့ အဲ့အချိန်မှာ ဘယ်လိုမဲဆွယ် စည်းရုံးကြမလဲတော့ မသိဘူးပေါ့ သူများတွေလည်း ဘယ်လိုလုပ်မလဲ ကိုယ်လည်း ဘယ်လိုလုပ်မလဲဆိုတဲ့ Plan တော့ မရှိသေးဘူး။ အဓိကတော့ ကိုယ့်မဲဆွယ်စည်းရုံးပြီး ကပြဖျော်ဖြေပြီး စည်းရုံးတာထက်စာရင် အဓိကဘာပဲ လုပ်နေ လုပ်နေ ထက်ထက်ထွန်း ဝင်ပြိုင်ပြီ။ ထက်ထက်ထွန်းကို ယုံကြည်တဲ့စိတ်လေးနဲ့ပဲ ထက်ကို မဲလေးတွေ ထည့်ပေးပါလို့။ ဒီကြားမှာ မဲဆွယ်ဖြစ်မဖြစ်ကတော့ မသိသေးဘူးပေါ့နော်။ အဓိကတော့ ထက်ကို ယုံကြည်တဲ့ စိတ်လေးနဲ့ပဲ အဲ့အချိန်ကျရင် မဲပေးပေးပါ ချစ်ပေးပါ ဒီတိုင်းအဖြစ်မဲပေးလိုက်တယ်ဆိုတာ တောက်လျှောက်ဒီနှစ်တွေအတွက် ယုံကြည်စွာနဲ့ မဲလည်း ထည့်ပေးပါ ပြီးရင် လူခွန်အားလည်းထည့်ပေးပါ ထက်တောင်းဆိုပါတယ် အဲ့တာပါပဲ။

ပါဝင်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်က အမှတ်၃ပါ ထက်ရဲ့ မဲဆန္ဒအမှတ်၃မှာတော့ မြို့နယ်ပေါင်း ၁၂ မြို့နယ်ပါတယ်ပေါ့နော်။ အဲ့မြို့နယ်တွေကတော့ ကြည့်မြင်တိုင် စမ်းချောင်း ဆိပ်ကမ်း ဒဂုံ ပန်းဘဲတန်း ဗဟန်း လသာ လမ်းမတော် အလုံ တာမွေ ကမာရွတ် ရန်ကင်းပေါ့နော် အဲ့မြို့နယ်တွေပါ။ အဲ့မြို့နယ်တွေမှာ မဲဆန္ဒနယ် ၃ အနေနဲ့ ထက်က ကော်မတီဝင်နေရာကနေပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲ့တော့ အဲ့မဲဆန္ဒနယ်က သူတွေကို အဓိက အားကိုးရမှာပေါ့နော်။ ဒါပေမဲ့ ဒီကနေမှ တစ်ဆင့် ကော်မတီဝင် ၆ဦး ရလာတဲ့ အခါကျရင် အဲ့၆ဦးကနေ တစ်ဆင့် ပြန်ပြီးတော့ ရန်ကုန်တိုင်းရဲ့ ဒုမြို့တော်ဝန်နေရာအထိ ဆက်ပြီးတော့ ရွေးချယ်ခံရမှာ ဖြစ်တဲ့ အတွက်ကြောင့် ရန်ကုန်တစ်မြို့လုံးရဲ့ ယုံကြည်မှု အားပေးမှုကိုလည်း ထက်လိုချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ယုံကြည်မှုက ဘယ်လောက်ရှိလဲလို့ မေးမြန်းရာ “လောလောဆယ်သူတို့ ပေးထားတဲ့ ဖောင်ရဲ့ စည်းမျဉ်း စည်းကမ်းချက်အရတော့ ထက်က အကုန်လုံး ပြည့်စုံနေတဲ့ သူတစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့် ၁၈ရက်နေ့ ကြေငြာမယ့် အထဲမှာ ကျတော့ အရမ်းကြီးကြီးမားမား သတ်မှတ်ထားတာ မရှိဘူးပေါ့နော်။ ၁၈ရက်နေ့မှာ ပါမယ်လို့ကတော့ ထက်ကိုထက် ယုံကြည်မှု ရှိပါတယ်။ ဒါကတော့ ကိုယ့်ဘက်က ယုံကြည်မှုပေါ့။ မမြင်နိုင်တဲ့ ပြဿနာတွေကတော့ ပြောလို့မရဘူးပေါ့နော်။ တစ်ရာမှာ တစ်ယောက် ဖြစ်တတ်တာမျိုးလည်းရှိပါတယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတာပါ။ ယုံကြည်မှုကတော့ ခုဏကပြောသလို ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း 100 % ၁၀၁ လောက်အထိ အမြဲယုံကြည်တယ်။ ဒါကတော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံး ကိုယ့်ခြေကိုယ်လက် ကိုယ်အကုန်ပိုင်တယ်။ ၁၈ရက်နေ့ နောက်ပိုင်း ကိစ္စကတော့ အားလုံးအပေါ် မူတည်ပါတယ်။ ပြည်သူတွေအားလုံး ထက်အပေါ်မှာ ဘယ်လောက်ယုံကြည်လဲဆိုတာကို ပြန်ပြီး မူတည်သွားပါပြီ။ အဲ့အတွက် ကြိုးစားရမှာတော့ ထက်တာဝန်ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ရွေးချယ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံကို ပြောင်းလဲပေးချင်တာက ဘာလဲလို့ မေးမြန်းရာ “ညီမက ပြည်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ညီမအတွက် စိတ်အနှောက်အယှက် ဖြစ်စေတာက ညီမသည် လူလတ်တန်းစား ဖြစ်တဲ့အတွက်ကြောင့် ညီမတို့ အဓိက လမ်းပေါ်မှာ ကားပါကင်ထိုးတဲ့ ကိစ္စတွေမှာ ညီမအရမ်း ပြဿနာတက်တယ်။ ညီက လသာမှာ နေတာ ဖြစ်တဲ့အတွက် လသာ တရုတ်တန်းက အရမ်းကို ကားပါကင် ကျပ်ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ့်ကားထိုးလို့မရတဲ့အထိ ပြဿနာတွေ တက်ကြတယ်။ နေရာဦးတဲ့ ပြဿနာတွေ လုတဲ့ ပြဿနာတွေ ပြီးရင် နှစ်ထပ်ရပ်တဲ့ဟာတွေ သူများရပ်မှာဆိုးလို့ အကြီးကြီးရပ်ထားတာတွေ အရမ်းအမြင်ကပ်စရာ ပြဿနာတွေ အများကြီး ရှိတယ်။ အဲ့တာတွေ အားလုံး စနစ်ကျသွားဖို့ပေါ့နော် လူတိုင်းကတော့ ကိုယ့်ကားပါကင် လိုချင်တဲ့အတွက်ကြောင့် အတ္တစိတ်ကြောင့် မျိုးစုံလုပ်ကျတာပဲ အဲ့တာတွေ အကုန်လုံးကိုသာ သေချာ စနစ်တကျနဲ့ ဖြေရှင်းပေးမယ်ဆိုရင်တော့ လူတိုင်းကတော့ သူများကို မကောင်းဖြစ်စေချင်တဲ့ သူကတော့ မရှိပါဘူး။ ကိုယ်ကြုံတွေ့နေရတာတော့ အဲ့ပြဿနာရှိမယ်။

ပြီးရင် ကားပိတ်တဲ့ ပြဿနာတွေရှိမယ်။ တစ်နေကုန် ၂၄နာရီမှာ နာရီ ၂၀လောက်က ကားနဲ့ သွားနေရတာဆိုတော့ အဲ့ကားပြဿနာကတော့ အဓိကပါပဲ။ ပြီးတော့ အခြေခံလူတန်းစားတွေအတွက်ဆိုရင် လမ်းပေါ်မှာ အမှိုက်တွေနဲ့ ပြည့်နေတာတွေ အဲ့တညတွေ သူတို့ကတော့ အများဆုံးရင်ဆိုင်နေရတာပေါ့။ ကားနဲ့သွားတဲ့လူက မသိလိုက်ဘူးဆိုပေမယ့် လမ်းပေါ်မှာ သွားနေတဲ့သူတွေ အဲ့မှာ နေထိုင်နေတဲ့ သူတွေအတွက်ဆိုရင် သူတို့အတွက် အများကြီး ထိခိုက်ပါတယ်။ ပြီးရင် ရေကြီးတဲ့ ပြဿနာတွေ အကုန်လုံးကတော့ ဆက်စပ်နေကြတာပါပဲ။ ပြောင်းလဲရမှာတွေကတော့ အများကြီးပဲ ပြောင်းလဲဖို့ ဘာလိုလဲဆိုရင် ညီမကတော့ စိတ်ဓာတ်လေးတွေ ပြောင်းဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ထဲကနေပြီးတော့ ညီမအရမ်းကောင်းတယ်ပဲ ထားဦး အရမ်းကောင်းလွန်းလို့ အမှိုက်လိုက်ကောက်နိုင်တယ်ဆိုရင်တောင် တစ်မြို့လုံးစည်ပင်သာယာလာအောင် လှနေအောင် လိုက်ကောက်နိုင်မှာ မဟုတ်ဘူး။ အဓိက ပြဿနာက အမှိုက်ပစ်နေကြလို့ အမှိုက်ဘာလို့ ပစ်တာလဲ ပစ်လေ့ပစ်ထပစ်ကျင့် တွေရှိနေကြလို့။ အဲ့တာကြောင့် ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာကို အရင်ပြင်သင့်တယ်လို့ ထင်ပါတယ်။ ဒီစိတ်ကို မပြင်ကြတာက မချစ်ကြလို့ မသနားကြလို့ ကိုယ့်နိုင်ငံကိုယ်မချစ်လို့ ကိုယ့်နိုင်ငံကိုယ် မသနားလို့။ အရှေ့က လုပ်နေတဲ့သူတွေကို ချစ်ဖို့လိုတယ် ယုံကြည်ဖို့လိုတယ်။