Home အနုပညာ မေမေ ခိုင်သင်းကြည်ကိုယ်တိုင် ချစ်စရာလေးလို့ ပြောယူရတဲ့ ထိပ်ထိပ်လေးရဲ့ ချစ်စရာ ဗီဒီယို

မေမေ ခိုင်သင်းကြည်ကိုယ်တိုင် ချစ်စရာလေးလို့ ပြောယူရတဲ့ ထိပ်ထိပ်လေးရဲ့ ချစ်စရာ ဗီဒီယို

2598
0

အနုပညာလောကမှာ ယနေ့အချိန်ထိ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေ ရရှိထားတဲ့ ခိုင်သင်းကြည်ကတော့ ချစ်စရာသမီးလေးကိုပါ ပိုင်ဆိုင်ရရှိထားပြီးဖြစ်ပါတယ်။ နာမည်လေးလည်းလှသလို လူလေးလည်း ချစ်စရာကောင်းတဲ့ စံထိပ်ထားဦးက ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး ဟန်ဆောင်မှုကင်းနေတဲ့ ပုံလေးတွေကို သူမမျက်နှာပေါ်မှာ မြင်တွေ့ရနိုင်ပါတယ်။

သမီးလေးစံထိပ်ထားဦးဟာ အရွယ်ရောက်နေပြီဖြစ်ပြီး မိခင်လိုပဲ အနုပညာအလုပ်အချို့ကိုလုပ်ကိုင်နေတာတွေ့ရပါတယ်။ ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုရမှာဖြစ်တာကြောင့်လည်း ကျောင်းပညာရေးဘက်ကိုသာ ပိုမိုအလေးပေးပြီး ကြိုးစားနေခဲ့တာပါ။ချစ်စနိုးနဲ့ ထိပ်ထိပ်လို့ ခေါ်လေ့ရှိတဲ့ သူမကတော့ Tik Tok ဗီဒီယိုလေးတွေ ဆော့ရတာလည်း အလွန်ဝါသနာပါသူတစ်ယောက်ပါ။

သူမဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတစ်ခုဟာလည်း ချစ်စရာကောင်းလွန်းလို့ မိခင်ဖြစ်သူ ခိုင်သင်းကြည်ကတောင် ချီးကျူးယူခဲ့ရတာဖြစ်ပါတယ်။ ထိပ်ထိပ်လေးကတော့ အသက်ကြီးသွားတဲ့ပုံစံလေးကို ချစ်စရာပုံလေးနဲ့ Tik Tok ဆော့ထားတာတွေ့ရပါတယ်။

မေမေခိုင်သင်းကြည်က “အသက်ကြီးသွားတဲ့ပုံလေးကချစ်စရာလေး🥰🥰🥰” ဆိုပြီး ထိပ်ထိပ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်ပေးခဲ့ရတာပါ။

ပရိသတ်ကြီးကိုလည်း ထိပ်ထိပ်ရဲ့ ဗီဒီယိုလေးကိုဖော်ပြပေးလိုက်တယ်နော်။

ဗီဒီယိုကြည့်ရန်

Source : We Love Cele
Photos-San Htate Htar Oo