Home အနုပညာ အဖေနဲ့အမေ ကားချောက်ထဲ ကျခဲ့တာကြောင့် ပြုစုနေရတယ်ဆိုတဲ့ ကောင်းထက်ဇော်

အဖေနဲ့အမေ ကားချောက်ထဲ ကျခဲ့တာကြောင့် ပြုစုနေရတယ်ဆိုတဲ့ ကောင်းထက်ဇော်

6644
0

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးMCတစ်ယောက်လို့ ပြောလို့ရမယ့် Forever Groupက Mrtv 4 Channel 7အစရှိတဲ့ free to air TV Broadcasting လိုင်းတွေမှာ MCအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကောင်းထက်ဇော်ဟာ အဖေနဲ့အမေ ကားချောက်ထဲ ကျခဲ့တာကြောင့် ပြုစုနေရတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကောင်းထက်ဇော်က “အခုအချိန်မှာတော့ အဖေအမေကို စောင့်ရှောက်နေပါတယ်။ ဘာလို့လဲဆိုတော့ အဖေနဲ့အမေနဲ့က ဘုရားဖူးသွားကြတာ ကားချောက်ထဲ ကျသွားတာ ကံကောင်းလို့ မသေတာပါ။ အမေက အောက်ပိုင်းထိသွားတယ် အဖေက လက်ထိသွားတယ်။ အခုလည်း အိမ်မှာတော့ Nurse တွေနဲ့ ပြန်ပြီးတော့ အနားယူနေပါတယ်။ အဖေနဲ့ အမေနဲ့ အတွက်ကို အလုပ်များနေတာပေါ့နော်။ အခုတော့ သက်သာလာပါပြီ။ အခုလောလောဆယ်တော့ သင်္ကြန်ရှိမယ်။ သင်္ကြန်မှာလည်း ကျွန်တော်ချစ်တဲ့ ပရိသတ်တွေနဲ့ April ၇ရက်နေ့ကျရင် မန္တလေးမှာ Little Star Water Park မှာ သူငယ်ချင်းတွေရှိမယ် ပြည်သူတွေရှိမယ် သူတို့ကို အမှတ်တရလက်ဆောင်တွေပေးပြီး လာကြည့်တဲ့ သူကအစ ပျော်ရအောင် လုပ်ထားတယ်။ အဲ့တာက တစ်နေကုန်။”လို့ ပြောသွားခဲ့ပါတယ်။

မိသားစုကို စောင့်ရှောက်ရတာနဲ့ အလုပ်ကို အချိန်ဘယ်လိုခွဲလဲလို့ မေးမြန်းရာ “တော်တော်ရွာလည်တာလေ အမေနဲ့အဖေနဲ့က ဒုန်းဆိုပြီးတော့။ ကံကောင်းလို့ပါ ဖြစ်တဲ့ ပုံစံကလည်း ကျွန်တော်က မန္တလေးရောက်နေပြီ ကျွန်တော်က MC လုပ်တော့မယ် နောက်၁၅မိနစ်ဆို ဖုန်းပိတ်တော့မယ် စင်ပေါ်တက်ခါနီး အလိုလောက် ကျတော့မှ ဖုန်းဝင်လာတယ် အမေ့အသံက ငိုနေတယ်။ နားထောင်လိုက်တော့ အမေက သားဘာမှ မဖြစ်နဲ့တော့နော်တဲ့ အမေတို့ကားက ချောက်ထဲ ကျသွားလို့လဲ ဆိုတော့ ဒုန်း..ဆို ဟာ။ အဲ့ ဟိုပုံးဘက်သွားတာပေါ့နော် ၇ပေတစ်ကြိမ် ပေ၂၀ တစ်ကြိမ် ကျပြီးတော့ သစ်ပင်နဲ့ နွယ်ပင်တွေက ကားကို ရပ်အောင်လုပ်ထားပြီး တစ်ဝက်မှာ တစ်နေတာ။ အဲ့တော့ ဘာဖြစ်သွားလဲ မသိဘူးပေါ့ အဖေကတော့ ငိုနေပြီ ဘာဖြစ်တာလဲ မသိဘူး ဒုက္ခပဲဆိုပြီး။ ကျွန်တော်ကိုယ်တိုင်လည်း ချက်ချင်းသွားချင်တာလေ ပွဲကလည်း တန်းလန်းကြီးဗျာ စဉ်းစားကြည့် သူများပွဲကြီးကို အဲ့တာနဲ့ တော်သေးတယ် ကျွန်တော့်ကို ပွဲငှါးတဲ့သူတွေပေါ့နော်။ တကယ့်အရမ်းအရင်းချာ မိတ်ဆွေတွေက ကောင်းကြီး ငါတို့ လုပ်ပေးမယ်ဆိုပြီး သူတို့က သွားရှာတာ ချောက်ထဲကနေ သူတို့တွေ့တာပေါ့နော်။ အဲ့တော့ တော်တော်ကြီးလည်း ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတွေကောင်းလို့ အဲ့လိုမျိုး အဖေအမေတွေကို သေချာ ပြန်တွေ့တာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

Source : nanmalgyi