Home အနုပညာ သမီးလေး မှုံနံ့သာကျော်ရဲအောင် အကြောင်း ပြောလာတဲ့ ကျော်ရဲအောင်

သမီးလေး မှုံနံ့သာကျော်ရဲအောင် အကြောင်း ပြောလာတဲ့ ကျော်ရဲအောင်

1153
0

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပါ။ ပရိသတ်တွေကဟာသ ဇာတ်ရုပ်များ နဲ့ သူ့ကို ပိုကြိုက်ကြပြီး သူ့ရဲ့ သရုပ်ဆောင် ကောင်းမှုကြောင့် ခုချိန်ထိ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ ကျော်ရဲအောင်က ​သရုပ်ဆောင် ​ပြေတီဦး နဲ့အတူ နိုဝင်​ဘာ ၃၀ရက်​​နေ့ က ဓမ္မဒူတဇေတ၀န်တောရ​ ဆေကိန္ဒာရာမ​ကျောင်းတိုက်​ မှာ သာသနာ့​ဘောင်​ဝင်​​ခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် ကျော်ရဲအောင် က သူ့ရဲ့အကြောင်း နဲ့ သမီးလေး မှုံနံ့သာ အကြောင်း ပတ်သက်ပြီး ပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ကျော်ရဲအောင်က ခုနောက်ပိုင်း မှာ ရုပ်ရှင် သိပ်မရိုက်တော့ဘူးလို့ပြောပါတယ်။ သူ့အနေနဲ့ ခုနောက်ပိုင်းမှာ တချို့တွေက ဗွီဒီယို ဇာတ်ကားတွေကို ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်နေကြတာရယ် ၊ အရည်အသွေး သိပ်မကောင်း တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မရိုက်ချင်တာ ကြောင့် မရိုက်ဖြစ်တော့ဘူးလို့ ပြောပါတယ်။ အဲလို ဇာတ်ကားတွေကို ပရိသတ်တွေကလည်း ကြိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။

ကျော်ရဲအောင်က သူ့ရဲ့ သားနဲ့ သမီး တို့အကြောင်း နဲ့လည်း ပြောထားပါသေးတယ်။ သားက အနုပညာသိပ်ဝါသနာမပါဘူး ။ သူက အရမ်းရှက်တတ်တယ် ကျွန်တော်နဲ့မတူဘူးလို့ဆိုပါတယ်။ သမီးလေးကတော့ အနုပညာဝါသနာပါတယ်လို့ ပြောပါတယ်။

သမီးလေးက ခုကျောင်းတတ်နေတာကြောင့် သူ့ကို အနုပညာပေးမလုပ်သေးဘူးလို့ပြောပါတယ်။ ကျောင်းပြီးလို့ သူကလည်း အမှန်တကယ် လုပ်ချင်တယ်ဆိုရင်ပေးလုပ်မှာပါ။ သူ့ကို အနုပညာနဲ့ပတ်သက်ပြီးမသင်ပေးဘူး သူ့ကို အနုပညာပိုးတွေ ပိုဝင်သွားမှာစိုးလို့သူ့ကိုယ်သူတော့ အနုပညာ နဲ့ ပတ်သက်ပြီး လေ့လာချင်လေ့လာမှာပေါ့ ။ သူအနုပညာ အလုပ်လုပ်ရင် ပင်ပန်းမှာစိုးတယ်လို့ momolay tvမှာ ပြောသွားပါတယ်။

ကျော်ရဲအောင် ပြောပြသွားတဲ့ အကြောင်းလေးတွေကို video လေးနဲ့ ဖော်ပြပးလိုက်ပါတယ်နော်။

ကျော်ရဲအောင် interview

သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင် ပြောပြသွားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay tv