Home အနုပညာ မိဘမဲ့ ကလေးတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ သားဂန်းနဲ့ ဘေဘီမောင် တို့ချစ်သူနှစ်ဦး

မိဘမဲ့ ကလေးတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ သားဂန်းနဲ့ ဘေဘီမောင် တို့ချစ်သူနှစ်ဦး

759
0

သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦပါ။ ဘေဘီမောင်ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦးရဲ့ မိဘမဲ့ ကလေးတွေ ဆီသွားရောက်ခဲ့တဲ့ ပုံရိပ်ကလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်က ချစ်ရတဲ့ ချစ်သူ သားဂန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်း နေတာပါ။ နယ်ပွဲတွေ မှာ သီချင်း သွားဆိုဖြစ်နေတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့က ခုတစ်ခါမှာတော့ မိဘမဲ့ ကလေးများဆီ သွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကို ဘေဘီမောင်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်က ” မိဘရင်ခွင်မဲ့နေတဲ့သနားစရာကောင်းတဲ့ခလေး လေးတွေ ဘေဘီမွေးနေ့ကျရင်သွားလှူမယ် ခလေးတွေနဲ့တူတူကိတ်ခွဲမယ် ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ပေးမယ်မွေးနေ့နီးရင်fbအသဲတွေလည်းဖိတ်မယ်နော်ဘေဘီနဲ့တူတူလာသွာလှူကြမယ်နော်☺️🙏🏻” ဆိုပြီး ပြောထားပါတယ်။

ဘေဘီမောင် live video file

 သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့မိဘမဲ့ ကလေးတွေဆီ သွားရောက်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ မိုမိုလေး