Home အနုပညာ နှစ်​၂၀ကျော်​ကြာမှ မွေးရပ်​မြေကို ပြန်​လည်​ရောက်​ရှိလာသောနေတိုးကို ပရိသတ်​များပြားစွာ လာရောက်​ကြိုဆို

နှစ်​၂၀ကျော်​ကြာမှ မွေးရပ်​မြေကို ပြန်​လည်​ရောက်​ရှိလာသောနေတိုးကို ပရိသတ်​များပြားစွာ လာရောက်​ကြိုဆို

1178
0

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မပြန်ဖြစ်တာ နှစ်(၂၀)ကျော် ကြာပြီဖြစ်တဲ့ နေတိုးကတော့ မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ဘုရားအတွက် ထီးတင်ပွဲကြီးလုပ်ရန် မာန်အောင်မြို့ကို ပြန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ညီလေး မင်းသွေးရဲ့ (၆)လပြည့်မှာ မွေးရပ်မြေပြန်ပြီး အလှူသွားလုပ်တော့မယ့် နေတိုးကတော့ ရင်ထဲမကောင်းပေမယ့်လည်း ညီလေးနဲ့အတူ တည်ထားတဲ့ဘုရားအတွက် ထီးတင်ရတော့မှာမို့ အပျော်ကြီး ပျော်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊မာန်အောင်မြို့တွင် ဘုရားအနေကဇာတင်ရန် မွေးရပ်မြေကို သွားရောက်သည့်​ သရုပ်ဆောင် နေတိုးကို မာန်​အောင်​ သင်္ဘောဆိပ်​မှသည်​ အိမ်​အထိသို့ ပရိသတ်​များပြားစွား လာရောက်​ကြိုဆိုခဲ့ကြပါတယ်​။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ သံကျောက်တောင်တွင်​ ” မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး” ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်​မှာဖြစ်​ပြီး အနုပညာရှင်​များစွာမှလည်းလာရောက်​ကာ ဖျော်​ဖြေရေးအစီအစဉ်​များစွာဖြင့်​ ဖျော်​ဖြေတင်​ဆက်​သွားမယ်​လို့လည်း သိရပါတယ်​။

Source : popular Journal