Home အနုပညာ မြေးလေးကို ချစ်မဝဖြစ်နေတဲ့ ဘွားဘွားကို အာဘွားတွေတစ်ဝကြီးပေးပြီး ချွဲနေတဲ့ ယွန်းဝတီလွင်မိုးရဲ့သား Liam လေး

မြေးလေးကို ချစ်မဝဖြစ်နေတဲ့ ဘွားဘွားကို အာဘွားတွေတစ်ဝကြီးပေးပြီး ချွဲနေတဲ့ ယွန်းဝတီလွင်မိုးရဲ့သား Liam လေး

1570
0

ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးရဲ့ သားဦးလေးဖြစ်တဲ့ Liam လေးကတော့ ပရိသတ်တွေနဲ့ ဘိုးဘိုး၊ဘွားဘွားတွေ အားလုံးရဲ့အချစ်တော်လေး ဖြစ်ပါတယ်။ မွေးကင်းစအရွယ်ကတည်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ လုံးလုံးကစ်ကစ်လေး ချစ်စရာကောင်းတဲ့ Liam လေးက အခုဆိုရင် အသက် (၆) လကျော်ရှိနေပြီ ဖြစ်ပါတယ် ။ ဒါကြောင့် Liam လေးက အရင်ကထက်လည်း ပိုတတ်လာသလို အရာရာကိုလည်း စူးစမ်းတတ်နေပြီ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ Liam လေးကိုတော့ ယွန်းဝတီတို့ တစ်မိသားစုလုံးသာမက အနုပညာရှင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ Liam လေးနဲ့ တွေ့ဆုံဖို့အတွက်လည်း မိတ်ဆွေတွေက မကြာခဏဆိုသလို အိမ်ကိုအလည်လာလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း Liam လေးက သူ့ကိုချစ်မဝဖြစ်နေတဲ့ ဘွားဘွားနဲ့ အပြန်အလှန် အနမ်းတွေပေးရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။

Liam က သူရဲ့ဘွားဘွားဖြစ်သူကို အသည်းယားစရာအမူအရာလေးတွေနဲ့ အာဘွားတွေ တစ်ဝကြီးပေးနေတာ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Liam လေးတို့ မြေးအဘွားနှစ်ယောက်ရဲ့ အချစ်ပိုနေပုံလေးကလည်း တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Htut Tin;