Home အနုပညာ ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ

ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ

454
0

ပါးချိုင့်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူစိုးမိုးထားနိုင်လွန်းတဲ့ နာမည်ကျော် သရုပ်ဆောင် မင်းသမီး ချောအေးမြတ်သူ ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေ အားကျချစ်ခင်နေရသူလေးပဲ ဖြစ်ပါတယ်..။သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေအပြင် ပြုံးလိုက်ရယ်လိုက်တိုင်း အားလုံးကိုအချစ်ပိုစေတဲ့ပါးချိုင့်လေးနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကောက်ကြောင်းအလှတို့ကလည်း ပရိသတ်တွေကို အမြဲဖမ်းစားထားတာပါပဲ..။

ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ 1

ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ 2

ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ 3

ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ ဆိုတဲ့အေးမြတ်သူ 4

အသက် ၃၀ ကျော်အပျိုကြီးတစ်ယောက်ဖြစ်နေပြီမို့ပရိသတ်တွေကလည်း အေးမြတ်သူရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြပါပြီ ။ ဗယ်လင်တိုင်းဒေးနေ့အတွက် Ro စရာမလိုဘူး သစ္စာရှိဖို့ပဲလိုတယ်လို့ သူမ ကပြောပြခဲ့ပါတယ် ။ ပရိသတ်တွေကိုလည်း ချစ်သူများနေ့မှာ ချစ်သူကအ ဝေးရောက်နေလို့ ပန်းစည်းမရလို့ ချောကလက်မစားရလို့ဆိုပြီး ဘယ်တော့မှစိတ်မဆိုးကြပါနဲ့ ရန်ဖြစ်စရာကိစ္စလည်းမဟုတ်ဘူး ကိုယ့်ကို ဟိုတယ်မခေါ်သွားရင် တော်တော်အဆင်ပြေနေပြီလို့ အေးမြတ်သူက ပြောပြခဲ့ပါတယ် ။ ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့်ယောက်ျားကောင်းအစစ်ပါ။ သူကကိုယ့်ကိုစောင့်ရှောက်ချင်တာ အခွင့်ရေးယူချင်တာမဟုတ်ဘူး လို့ သူမရဲ့အမြင်ကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။