Home အနုပညာ အားလပ်ရက်လေးမှာ ဖေဖေ၊ မေမေနဲ့အတူ အစွမ်းထုတ်ပြီး ဘောလုံးကန်ခဲ့ကြတဲ့ ခေတ်နဲ့သစ်

အားလပ်ရက်လေးမှာ ဖေဖေ၊ မေမေနဲ့အတူ အစွမ်းထုတ်ပြီး ဘောလုံးကန်ခဲ့ကြတဲ့ ခေတ်နဲ့သစ်

2464
0

အသည်းတုန်လေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်လေးကတော့ တဖြေးဖြေးနဲ့ကြီးလာခဲ့တာ သိတတ်တဲ့အရွယ်တောင်ရောက်နေခဲ့ပါပြီနော်။ အနုပညာရှင် နှစ်ဦးရဲ့ သမီးလေးတွေဖြစ်တဲ့အလျှောက် အမြွှာလေးတွေဖြစ်ပြီး ချစ်စရာကောင်းလွန်းလို့လည်း တစ်မိသားစုလုံးရဲ့ သည်းသည်းတုံလေးတွေဖြစ်နေခဲ့ကြတာပါ။ ခေတ်လေးနဲ့ သစ်လေးက မေမေချစ်သုဝေရဲ့စည်းမျဉ်းစည်းကမ်းလေးတွေကြားမှာ ကောင်းမွန်စွာ ရှင်သန်ကြီးပြင်းနေကြတာလည်းဖြစ်ပါတယ်။

ခေတ်တုတ်နဲ့ သစ်တုတ်ဆိုပြီး ချစ်စနိုးလေးနဲ့ ခေါ်နေကြတဲ့ အမြွှာညီအမလေးကတော့ ကြီးလာရင်လည်း ဖေဖေ၊ မေမေ အားကိုးရတဲ့ သမီးလေးတွေဖြစ်မယ်ဆိုတာ တပ်အပ်ပြောလို့ရနေပါပြီ။ သူတို့မိသားစုလေးကတော့ အားလပ်ရက်လေးကိုလည်း မိသားစုနဲ့အတူ နွေးထွေးစွာအချိန်ပေးပြီး ဖြတ်သန်းလေ့ရှိတာ တွေ့ရပါတယ်။

ယနေ့ အားလပ်ရက်လေးမှာလည်း ဖေဖေလင်းလင်းနဲ့ မေမေချစ်သုဝေက ခေတ်နဲ့သစ်လေးနဲ့အတူ အချိန်ပေးပြီးဘောလုံးကန်ခဲ့ကြတာပါ။ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးရဲ့ ဘောလုံးကန်တဲ့ဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Video Source-Htwe Lynn Ko

Credit – We Love Cele