Home အနုပညာ အချစ်ဆုံး ညီမအငယ်ဆုံး လေးအတွက် ဂုဏ်ယူနေတဲ့ အိချောပို

အချစ်ဆုံး ညီမအငယ်ဆုံး လေးအတွက် ဂုဏ်ယူနေတဲ့ အိချောပို

1173
0

ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားလေ့ရှိတဲ့ နိုင်ငံကျော်သရုပ်ဆောင် အိချောပို ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သရုပ်ဆောင် အိချောပို က သူမရဲ့ ညီမလေး နဲ့ ပတ်သက်ပြီး ဂုဏ်ယူပြောထားပုံနဲ့ ပုံရိပ်ကလေးတွေကို ရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အိချောပို က သရုပ်ဆောင် ပီပြင် ပြီးကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တာကြောင့် သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ ။ အိချောပို က သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။

ဒီတစ်ခါမှာတော့ အိချောပိုက သူမရဲ့ ချစ်ရတဲ့ ညီမအငယ်ဆုံးလေးနဲ့ ပတ်သက်ပြီး ဂုဏ်ယူပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာပြောထားတာပဲဖြစ်ပါတယ်။

အိချောပိုက ” အသက်ကြီးတဲ့အထိပညာတွေပဲဆက်သင်နေပါခလေး…🎓အသက်သိပ်မကွာပေမယ့် အိမ်မှာအငယ်ဆုံးလေးမို့ခလေးလို့တစ်မိသားစုလုံးကခေါ်ကြတယ်… ငယ်ငယ်ထဲကကျန်းမာရေးအရမ်းချူချာလို့ အားလုံးကဒီလိုပညာတွေတတ်မယ်လို့ထင်မထားခဲ့ကြဘူး…စိတ်ချမ်းသာရင်ပြီးရောဆိုပြီးအလိုလိုက်ထားကြတယ်… သူကျန်းမာရေးချူချာလွန်းလို့ ဆေးရုံပေါ်ကမဆင်းရလွန်းလို့ သူ့ကြောင့်ကိုယ်ပါ ဆေးရုံဆေးခန်းတွေကိုကြောက်တတ်သွားတယ်… သူ့ကိုကြည့်ပြီး စိတ်ဆင်းရဲလွန်းလို့ ကိုယ်နေမကောင်းဖြစ်ရင်တောင် ဆေးခန်းမသွားရဲလောက်အောင် ဆေးရုံဆေးခန်းကိုကြောက်စိတ်ဝင်သွားခဲ့တယ်…
ခုကျတော့လည်း သူ့အသိစိတ်ဓါတ် သူ့အရည်အချင်းက အရမ်းချီးကျူးစရာကောင်းလှပါတယ်…
ဆက်ကြိုးစားပါ…💪Congratulations 🎉
Love you so much baby 👶” ဆိုပြီး ညီမလေးအကြောင်းကို ပြောပြထားပါတယ်။

အိချောပို က သူမ ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတဲ့ ညီမအငယ်ဆုံးလေးရဲ့ ပုံရိပ်ကလေးတွေ ကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နိုင်ငံကျော် သရုပ်ဆောင် အိချောပို နဲ့ သူမညီမလေး တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော် ။ မိုမိုလေး