Home အနုပညာ ဆုရခဲ့တဲ့ ဇာတ်ကားတွင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ ပုံရိပ်လေးတွေကိုထုတ်ပြရင်း ကျေးဇူးတင်စကားဆိုလိုက်တဲ့ နေတိုး

ဆုရခဲ့တဲ့ ဇာတ်ကားတွင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ ပုံရိပ်လေးတွေကိုထုတ်ပြရင်း ကျေးဇူးတင်စကားဆိုလိုက်တဲ့ နေတိုး

620
0

ချစ်ပရိသတ်ကြီးရေ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးကတော့ ရုပ်ရည်ရူပါ ချောမောပြေပြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ် ။ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ နေတိုးက လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပါတယ်။

နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

နေတိုးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေသလို ခရီးတွေလည်းတောက်လျှောက်ထွက်နေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ သူဆုရရှိခဲ့တဲ့ တိမ်တိုက်တံတားဇာတ်ကားထဲက ခက်ခက်ခဲခဲကြိုးစားခဲ့ရပုံများကို ထုတ်ပြကာ ပုံလေးတွေနဲ့ အတူ”တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားမှ ကိုသက်တန့် ကြီးဆုရသွားတဲ့အတွက် ဒီရုပ်ရှင်ကိုဖြစ်မြောက်အောင် ဖန်တီးရိုက်ကူးပေးခဲ့သူများနဲ့ ထုတ်လုပ်သူများအပါအဝင် ခံစားအားပေးခဲ့ကြသောပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…ပရိသတ်များအတွက်ဆက်လက်ကြိုးစားပါဦးမည်…နေတိုး” ဆိုတဲ့စာလေးကိုပါ ဖော်ပြထားတာတွေ့ရပါတယ်။

Source:Nay Toe