Home အနုပညာ “လင်တွေများလိုက်တဲ့ ငါလေးပါလား”ဆိုပြီး ဝေဖန်တိုက်ခိုက်သူတွေကို ချေလိုက်တဲ့ စမိုင်းလ်

“လင်တွေများလိုက်တဲ့ ငါလေးပါလား”ဆိုပြီး ဝေဖန်တိုက်ခိုက်သူတွေကို ချေလိုက်တဲ့ စမိုင်းလ်

7417
0

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ နေနဲ့လ ရွှေနဲ့မြလို့ အင်မတန် လိုက်ဖက်တဲ့ ဇနီးမောင်နှံတွေပဲဖြစ်ပါတယ်။ သဒ္ဒါတရားလည်း ထက်သန်လွန်းလှပြီး ဘာသာရေးကိုလည်း ကိုင်းရှိုင်းလွန်းလှတာကြောင့် ပရိသတ်တွေကတောင် အားကျအတုယူရလောက်တဲ့အထိဖြစ်ခဲ့ပါတယ်။သမီးလေး (၂) ယောက်အရွယ်ရောက်ရှိလာပြီဖြစ်ပေမယ့် ယနေ့အချိန်ထိ အချစ်တွေ ရိုးမသွားဘဲ ချစ်မြဲချစ်ဆဲနဲ့ ရိုဆန်ဆန် အမှတ်တရနေ့တွေကိုလည်း ဖြတ်သန်းနေကြတာကို ပရိသတ်ကြီးလည်း မြင်တွေ့နိုင်မှာပါနော်။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ဘာသာရေးကိုင်းရှိုင်းသလို ချစ်ချစ်ခင်ခင်နေကြပေမယ့်လဲ ဝေဖန်တိုက်ခိုက်မှုတွေကတော့ရှိနေတာပဲဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်သူက “စမိုင်း ပထမလင်​ကနီဂရိုး​ဘောစိပါ ၊
အဲ့​ကောင်​ဆီက ကွာရှင်းစရိတ်​ကို အခုလက်​ငယ်​နဲ့ ​ပေါင်းပြီး ​ဒေါ်လာသန်းနဲ့ချီ ​ငွေညစ်​ခဲ့ပါတယ်​ ၊ မြန်​မာပြည်​ပြန်​​ရောက်​​တော့ Ytalk ဆိုပြီး ဆက်​သွယ်​​ရေးဝန်​ကြီး ဗိုလ်​ချုပ်​​တွေနဲ့ ဆက်​​ပေါင်းပြီး လုပ်​ခဲ့ပါ်​သေးတယ်​ ၊ telecom အလုပ်​​တွေနဲ့ အစိုးဘတ်​ဂျတ်​​တွေ သုံးခွင့်​ရခဲ့ပါ​သေးတယ်” ဆိုပြီး Comment ကနေပြောထားတာပဲဖြစ်ပါတယ်။

စမိုင်းလ်ကတော့ “အိုလင်တွေများတဲ့ငါလေးပါလား”ဆိုပြီး ဝေဖန်တိုက်ခိုက်သူရဲ့ comment လေးကို တင်ပြီး ရယ်မောခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဝေဖန်တိုက်ခိုက်ခံရပေမယ့် အပြုံးမပျက်ပဲ တုံ့ပြန်လိုက်တဲ့ စမိုင်းလ်အကြောင်းလေးကိုဖော်ပြပေးလ်ုက်ပါတယ်နော်။