Home အနုပညာ ပရိသတ်တွေရဲ့ အချစ်ခံရဆုံး အနုပညာရှင် မိသားစု (၅) စု

ပရိသတ်တွေရဲ့ အချစ်ခံရဆုံး အနုပညာရှင် မိသားစု (၅) စု

1572
0

မြန်မာနိုင်ငံရဲ့ အနုပညာရှင် Celebrity တွေဟာလည်း သာယာပျော်ရွှင်လှပတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားကြသူတွေအများကြီးရှိကြပါတယ်။ အဲဒီထဲမှာမှ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုအပြင် ပရိသတ်တွေကပါ အားကျပြီး အချစ်ခံရတဲ့ အနုပညာရှင် မိသားစု (၅) စုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီမိသားစု (၅) စုကတော့ တမိသားစုလုံး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံရပြီး အချစ်ခံရတဲ့ မိသားစုလေးတွေဖြစ်ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်တို့ မိသားစု

သက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ယခုအချိန်မှာတော့ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ ပရိသတ်တွေက အားကျပြီး ချစ်ရတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစု

လင်းလင်းသီချင်းတွေကို မကြိုက်တဲ့ ပရိသတ်တွေဆိုတာ ကိုယ့်နိုင်ငံမှာတော့ ခပ်ရှားရှားပဲလို့ဆိုရပါမယ်။ မတူညီတဲ့ ဘာသာရေးတွေကို လျစ်လျူရှုထားနိုင်ပြီး ယုံကြည်ရာကိုးကွယ်အတူတကွ လျှောက်လှမ်းနေတဲ့ လင်းလင်းနဲ့ချစ်သုဝေဆီမှာတော့ သိပ်ချစ်စရာကောင်းလှတဲ့ အမြွာသမီးလေး (၂) ယောက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ခေတ်နဲ့သစ်ကို ပရိသတ်တွေက ဘယ်လောက်ချစ်လဲဆိုတာ မေမေချစ်သုဝေရဲ့ အကောင့်က ခေတ်နဲ့သစ်ပုံလေးတွေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

သရုပ်ဆောင်နိုင်းနိုင်း တို့မိသားစု

သရုပ်ဆောင်နိုင်းနိုင်းဟာ တချိန်က မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ခဲ့ပြီးတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေကို ခေတ္တရပ်နားခဲ့တာလည်းဖြစ်ပါတယ်။ မိသားစုနဲ့အတူ နိုင်ငံခြားမှာနေထိုင်ပြီးတော့ ယခုအချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးဟာ ပရိသတ်အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူများဖြစ်ကြပြီး သားဦးလေးနဲ့ သမီးလေး စုစုပေါင်း ၂ ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ သူတို့မိသားစုလေးဟာလည်း မြန်မာနိုင်ငံရဲ့ အချစ်ခံရဆုံး အနုပညာရှင်မိသားစုထဲမှာပါဝင်တာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့ မိသားစု

ပိုင်ဇေရဲထွန်းကတော့ တချိန်က မြန်မာ့ရုပ်ရှင်လောကမှာ ဗီဒီယိုကားပေါင်းမြောက်မြားစွာကိုရိုက်ကူးခဲ့ပြီးတော့ အနုပညာအလုပ်တွေမလုပ်တော့တာ ၂ နှစ်လောက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဇင်သဲနိုင်ရဲ့ လှပချောမောမှုကြောင့်လည်း ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကို ပရိသတ်တွေက သတိထားပြီး ချစ်မိခဲ့ကြတာဖြစ်ပါတယ်။

Source : We Love Cele