Home အနုပညာ အတူတူဆေးရုံတက်နေရပေမယ့်လည်း အကိုဖြစ်သူကို အရောက်သွားကြည့်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး

အတူတူဆေးရုံတက်နေရပေမယ့်လည်း အကိုဖြစ်သူကို အရောက်သွားကြည့်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး

978
0

အဆိုတော်၊ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းကတော့ အရွယ်တင်နုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ယနေ့တိုင်အောင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရဆဲဖြစ်တဲ့ မင်းမော်ကွန်းက သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကိုလည်း ရရှိထားပါတယ်။ မင်းမော်ကွန်းက ချစ်စရာကောင်းတဲ့ သားနှစ်ယောက်၊ သမီးတစ်ယောက်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

သား၊သမီးလေးတွေအပေါ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဖခင်တစ်ယောက် တာဝန်ကို ကျေပွန်တဲ့ မင်းမော်ကွန်းက အခုတော့ သား၊သမီးနှစ်ယောက်ကို အချိန်ပြည့် ဂရုစိုက်ပေးနေရတာ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ သားကြီးဖြစ်တဲ့ မင်းမြတ်နဲ့ သမီးလေး လေပြေသွေးတို့နှစ်ယောက်လုံးက လက်ရှိမှာ ဝက်သက်ရောဂါကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလို ဆေးကုသမှု ခံယူနေရတဲ့ သားနဲ့ သမီးအတွက် မင်းမော်ကွန်းတစ်ယောက် စိုးရိမ်ပူပန်နေရတာ ဖြစ်ပါတယ်။

အခုလည်း လေပြေသွေးတို့ မောင်နှမနှစ်ယောက်က အတူတူဆေးရုံတက်နေရပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ပေးနေတာ တွေ့ရပါတယ်။ ညီမလေးလေပြေသွေးက အစ်ကိုမင်းမြတ်ဆီကို အရောက်လာတွေ့ခဲ့တဲ့ မြင်ကွင်းလေးကို ဖေဖေမင်းမော်ကွန်းက ”ညီမလေးက အကိုဆီလာလည်ရှာတယ်” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းမော်ကွန်းရဲ့ သားနဲ့သမီးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Kyaw Htay Lwin