Home အနုပညာ နာမည်လေးလုံးမင်းသမီးနဲ့ တွဲနေတာလားဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသားဖြေလိုက်တဲ့ ဟိန်းဝေယံ

နာမည်လေးလုံးမင်းသမီးနဲ့ တွဲနေတာလားဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသားဖြေလိုက်တဲ့ ဟိန်းဝေယံ

948
0

ဗီဒီယိုသရုပ်ဆောင်လောကမှာ နာမည်ရပြီးသားမင်းသားတစ်လက်ဖြစ်လာတဲ့ ဟိန်းဝေယံကတော့ ယနေ့အချိန်ထိ လူပျိုကြီးဘဝကို ဖြတ်သန်းနေဆဲပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ဆိုရလောက်အောင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့ဖူးသူလေးလို့ ဆိုရင်လည်း မမှားပါဘူး။ ဟိန်းဝေယံကတော့ လက်ရှိမှာ အေးဝတ်ရည်သောင်းနဲ့တွဲဖက်ပြီး ဒုတိယမြောက်ဇာတ်ကားကို ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။

သရုပ်ဆောင် ဟိန်းဝေယံဟာ နာမည်လေးလုံးမင်းသမီးနဲ့ တွဲနေကြတယ်ဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေးပြောဆိုမှုတွေရှိနေကြတာဖြစ်ပါတယ်။ ဗီဒီယိုခေတ်ကာလတည်းက အတူတွဲရိုက်ခဲ့တဲ့ ဇာတ်ကားတွေကလည်း များပြားလွန်းတာကြောင့် သူတို့ နှစ်ယောက် တွဲနေကြတာလားဆိုတဲ့ မေးခွန်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီမေးခွန်းကိုတော့ သရုပ်ဆောင် ဟိန်းဝေယံက ပြတ်ပြတ်သားသားဖြေဆိုသွားခဲ့ပါတယ်။

“ဟာ ပေါက်ပေါက်ရှာရှာ မဟုတ်ပါဘူးဗျာ။ လုံးဝမဟုတ်ပါဘူး။ ငြင်းပါတယ်။ ငြင်းတယ်ဆိုတာက သူနဲ့ ကျတော်နဲ့ကလေ ဘယ်လိုပြောရမလဲ ကားရိုက်တွေလည်းဆုံတယ် ဟိုးအရင်တည်းက ကျတော်တို့က ရိုက်ခဲ့တဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက်က ခင်ကြတယ် ဒါပါပဲ။ ထင်သလိုမျိုးလုံးဝမဟုတ်ပါဘူး။ ပရိသတ်တွေထင်နေကြတာလည်း ဘာမှမဖြစ်ပါဘူး။ အဓိက ဟုတ်မှမဟုတ်တာ။ ဘာမှမဖြစ်ဘူးလေ မေးတဲ့အခါကျတော့လည်း ဟုတ်လား မေးတော့ မဟုတ်ဘူးပြောတာ ဒါပါပဲ။ ” လို့ နာမည်လေးလုံးမင်းသမီးနဲ့ပတ်သက်မှုအပေါ် ဆယ်လီရပ်ကွက်အင်တာဗျူးမှာ ပြတ်ပြတ်သားသားဖြေဆိုလိုက်တာဖြစ်ပါတယ်။

ဟိန်းဝေယံကတော့ မင်္ဂလာဆောင်သွားတာတွေကိုကြည့်ပြီး သူ့အနေနဲ့တော့ အားမကျဖြစ်တာများပါတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ တစ်ယောက်တည်းနေရတာကို ပိုသဘောကျတဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

Source : We Love Cele
Photos-Hein Wai Yan