Home အနုပညာ မစို့မပို့ဝင်ငွေလေးအတွက် အသက်ကြီးမှ အထိုးအကြိတ်ခံကြရတဲ့ လူကြမ်းမင်းသားတွေရဲ့ ဘဝတွေအကြောင်း

မစို့မပို့ဝင်ငွေလေးအတွက် အသက်ကြီးမှ အထိုးအကြိတ်ခံကြရတဲ့ လူကြမ်းမင်းသားတွေရဲ့ ဘဝတွေအကြောင်း

375
0

မြန်မာ့ရုပ်ရှင်လောကမှာ မစို့မပို့ ၀င်ငွေလေးရယူပြီး ဇာတ်ကားတစ်ကား ကောင်းမွန်ဖို့အတွက် ပံ့ပိုးပေးနေတဲ့ လူကြမ်း အနုပညာရှင်တွေ ရှိကြပါ တယ်။ သူတို့ဟာ ဇာတ်ကားတွေထဲမှာတော့ လူယုတ်မာကြီးတွေ မုဒိမ်းကောင်ကြီးတွေ ၊ ကောက်ကျစ်တဲ့သူတွေအဖြစ် သရုပ်ဆောင်ရင်း ပြင်ပဘ၀မှာ မိသားစု စားဝတ်နေရေးတွေကို ဖြေရှင်းပေးနေရတဲ့ သူတွေ ဖြစ်ကြပါတယ်။ ရုပ်ရှင်လောကမှာ ၀င်ငွေနည်းပါးကြလို့ ပြင်ပဘ၀မှာ စားဝတ်နေရေး ခက်ခဲကြရသလို နှစ်စဉ်ချီးမြင့်နေတဲ့ အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရရှာ ပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ ဇာတ်ကားတွေမှာ မပါမဖြစ်တဲ့ အနုပညာ သည် တွေပဲ ဖြစ်ပါတယ်။ကားရိုက်ကြေး လေး အနည်းငယ်မျှရရှိပြီး ဟိုလူထိုးတာခံရ ဒီလူထိုးတာ ခံကြရရှာတဲ့ အသက်ကြီးမှ အထိုးအကြိတ် ခံရတဲ့ ဘ၀တွေအကြောင်းကို စုစည်းမေးမြန်း ထားမှုအား ဖော်ပြပေးလိုက်ပါတယ်။

ကိုဂျပန်ကြီး

၂၀၀၁ခုနှစ်လောက်ထဲကသရုပ်ဆောင်လောကထဲကိုရောက်တာအခုအထိပဲ ။ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်။ သိပ်ကြီးကြီးမားမားတော့မဖြစ်ခဲ့ ဘူးပေါ့။ စလုပ်ဖြစ်တာကတော့ လူကြမ်းလုပ်ရတာကိုကြိုက်တယ်။ ဗီလိန်ပေါ့နော် ဗီလိန်လုပ်ရတာကိုဝါသနာပါတယ်။ ဒီအလုပ်ကလည်း ဇာတ်ပို့ ဇာတ်ရံတွေထဲမှာ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလောက ထဲမှာဖြတ်သန်းဖို့သိပ်မလွယ်ဘူး ။ဝါသနာတကယ်ကြီးလို့ပေါ့နော်။ နောက်တစ်ခုထပ်ပြောမယ်ဆိုရင်တော့ ဘယ်လို ပြောရမလဲ ။ဝဋ်ကြွေးရှိ လို့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဒီကရတဲ့သရုပ်ဆောင်ကြေးနဲ့ ကိုယ်တို့ ဘယ်လိုလုပ်စားလောက် မလဲ။ အကိုတို့ဆို ဒေးလီးကြေး ငါးသောင်း ရတယ် ။အကိုတို့ထက်နိမ့်တဲ့လူလည်းရှိတယ် မြင့်တဲ့လူလည်းရှိတယ် ။ အသက်မွေးဝမ်းကြောင်းပုံစံဆိုရင်အဆင်မပြေဘူး ဘယ်လိုလုပ်စား လောက်မလဲ အကိုဆိုရင်မိန်းမရှိတယ် သား နှစ်ယောက်ရှိတယ် လူကြမ်းလုပ်လို့ရတဲ့ပိုက်ဆံနဲ့ဘယ်လိုလုပ်ရပ်တည်မလဲ မပြေဘူး တကယ်ကိုမပြေတာ ကလေး ဗလာစာအုပ်ဖိုးတောင်ရမှာမဟုတ်ဘူး ၀ါသနာအရသာလုပ်နေတာ။ အကိုဆိုအခု ၃၉နှစ် နောက်လက် သီးထိုးမယ်ဆို နောက် ၂နှစ် ၃နှစ်ပေါ့ အခုတောင်လေးလာပြီလေ ခြေထောက်တွေလက်တွေမသွက်တော့ဘူး။ လူကြမ်းထဲကနေအ ဆင်ပြေလာတဲ့သူတွေကလည်းအသက်ကြီးလာရင်ဘယ်နှစ်ယောက်ရှိလို့လဲ လက်ချိုးရေလို့ရတယ် ၅ယောက်တောင် မပြည့်ဘူး။ အကိုတို့ဆို နောက်ပိုင်း ၂နှစ် ၃နှစ်လောက်ရှိပြီ တစ်ကားလုံး ပတ်ကားခေါ်ရိုက်တဲ့ ကားက ၁၀ကား ၁၅ ကားထက်မကျော်ဘူး ။ ဒေးလီးပဲ တစ်ရက်စာခေါ် တယ်။မလိမ့်တပတ်ပုံစံမျိုးတွေလုပ်လာတယ်။ တစ်ကားလုံးခေါ်လို့ ငွေသုံးသိန်းလောက်ပေးရမယ့်နေရာမှာ အဲ့ဒီပိုက်ဆံမပေးတော့ဘူး။ တစ်ရက်စာခေါ်လိုက်တယ်။ ငါးသောင်းပေးရင်ပေး လိုက်တယ်။ ပြီးရင်အဲ့လိုမေ့မေ့ပျောက်ပျောက်နေပြီးတော့ နောက်တစ်ပတ်လောက် နေရင် အဲ့ဇတ်ကားပဲထပ်ခေါ်ရင် ခေါ်လိုက်တယ်။ အဲ့ဒီအခါကျတော့ ပိုက်ဆံနဲ့တွက်ရင် ၁သိန်းပဲဖြစ်သွားတာပေါ့ ငွေသုံးသိန်းမပေးတော့ ၂သိန်းသက် သာသွားတာပေါ့။ ၂ ရက်လောက်ရိုက်လိုက်တဲ့အခါ အကိုတို့ ပါတဲ့အခန်းကပြတ်သွားရောပြီးသွားရော အဲ့လိုမျိုးတွေ လည်းလုပ်ကြ တာရှိတယ်။ တစ်ခါတစ်လေကျရင်သိတာလည်းရှိတယ်။ သိရဲ့သားနဲ့ ပြောလို့လည်း အရာမရောက်ဘူး။ ပြောလိုက်လို့ရှိရင်လည်း နောက်မခေါ် တော့ဘူး။ အဲ့လိုမျိုးတွေလည်းရှိတယ်။ အကယ်ဒမီက အကိုတို့ အနေ အထား နဲ့ပြောဖို့တော့ခက်တယ် အကိုတို့အနေနဲ့စိတ်ဝင်စားမှုမရှိဘူး။ အပြင်ကလူတွေ လည်းစိတ်ဝင်စားမှုလျော့ကျလာတာပေါ့။ သူတို့လုပ်နေ တဲ့ပုံစံတွေကသဘာဝမကျဘူး ။ဆွဲဆောင်မှုမရှိဘူး။ ပွဲတစ်ပွဲလုပ် ပြီးတော့ သူတို့လုပ်လာတဲ့ပုံစံကနှစ်ပေါင်း ၃၀လောက်ရှိပြီ။ ဟိုးအရင်ကအတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောရင် ငါတို့နိုင်ငံ မှာလုပ်နေတာပဲ။ တခြားပွဲတွေ လုပ်တယ်ပေါ့။အဲ့ဒီပွဲတွေလောက်တောင်ဆွဲဆောင်မှုမရှိဘူး။ အကိုတို့ စပြီး ရိုက်စကဇတ်ကားပါရင် တကူးတကခေါ်တယ်။ ဥပမာအားဖြင့် အကိုပါတဲ့ရုပ်ရှင်ကားကြီးဆုထဲမှာပါရင် ပါတဲ့သရုပ်ဆောင်ကိုခေါ်တယ်။ မပါတဲ့သရုပ်ဆောင်ကျတော့ ကျွန်တော်တို့တက်မယ်လို့ပြောရင် သွားပြီးနာမည်ပေး ရင်တော့ရတယ် ။အခုဟာကအဲ့လိုမဟုတ်တော့ဘူး ဇတ်ကားပါလည်းမပေးဘူး သွားနေရတယ်။ အေးမင်းတက်မှာလား အေး အဲ့လိုဟိုအရင်လိုမဟုတ်တော့ဘူး။အကိုတို့ကျတော့ပွင့်ပွင့်လင်းလင်းပြောရင် မသွားဘူးပေါ့။ အကယ်ဒမီပေးပွဲပဲသွားချင်တာပေါ့။ ဖိတ်စာသွားယူတာ တို့ လာယူရင်ရမယ်ဆိုတာမျိုးတော်ပြီလေ ဘာမှလည်း ထူးခြားမှုရှိတာ မဟုတ်ဘူး။ လူကြမ်းပဲဖြစ်ဖြစ် လူချောပဲဖြစ်ဖြစ် ဒရာမာချိုးမှဆုပေးတာ။ ဦးအံကျော်ကြီးဆိုရင် ဆရာမကိုတောင်းထဲမှာ ထန်းညက် လိုက်ပေးရင် နဲ့ဆုရတာ။ လူကြမ်းကအကယ်ဒမီအတွက်ရင်ခုန်တာတွေဘာမှမရှိဘူး။ အကယ်ဒမီကလောလောဆယ် တော့မသက်ဆိုင်ဘူး အဝေးကြီးပါ။ အဝေးကြီးအဝေးကြီးပါ ဘာမှမဆိုင်ဘူး ။လာရောက်အားပေးရမယ် ဖိတ်ရင်တော့ သွားမယ်။ဝန်းရံဆိုဝန်းရံပေးမယ်။ ကိုလူချောအဖွဲ့လည်း ၀န်းရံခဲ့ဖူးတယ်။ အကိုတစ်ခါပြောဖူးတယ်။ သူများတွေလှတပတနဲ့ ပွဲတက်တဲ့အချိန်မှာ လူကြမ်းတွေကဘာလုပ်နေရလဲဆို လုံခြုံရေး ယူနေရတယ်။ အဲ့တာတွေသဘာဝမကျတာတွေရှိတယ်။ လူကြမ်းလဲ သရုပ်ဆောင်ပဲကွာ။ဇတ်ပို့သူ့ဖာသူတက်ရင်လည်းတက်မယ်။ မတက်ရင်လည်းမတက်ဘူးပေါ့။တိုက်ပုံအကျီနဲ့ ဘာညာဖြစ်နေရမှာပေါ့။ အခုဟာကလူကြမ်းတွေက ဟိုထောင့်မှာတဖွဲ့၊ဒီထောင့်မှာတစ်ဖွဲ့ လုံခြုံရေးယူနေသလို လုံခြုံရေးယူရမှာက လူကြမ်းအလုပ်မဟုတ်ဘူးလေ။ ပွဲကိုကျင်းပတဲ့ လုံခြုံရေးအဖွဲ့တွေယူပေါ့။ ရဲရှိမယ် မနိုင်ရင်စစ်တပ် ရှိမယ်။ ဘာလဲလူကြမ်းတွေကိုလုံခြုံရေးယူခိုင်းတယ်။ဘာတွေ မဟုတ်တာတွေ တော်တော်လုပ်တယ် ။အကိုတို့ကတော့ ဘယ်အဖွဲ့မှမပါဘူး။

နိုင်လူ

ဒီလောကထဲရောက်တာ ၁၉၈၉လောက် ကစရောက်ခဲ့တယ်။ တစ်ကယ် ပရိတ်သတ်သိတာက၂၀၀၀ခုနှစ်မှာစပြီးတော့လူသိတယ်။ ပထမကတော့ မင်းသားဖြစ်ချင်တဲ့အတွက် ၁၉၉၀ခုနှစ်က မင်းသားအနေနဲ့ အစည်းအရုံးမှာ ဖောင်သွားတင်ခဲ့တယ်။ အဲ့ဒီ့မှာအရွေးခံရပြီး မင်းသားအနေနဲ့ ဇာတ်ကား ရိုက်ခဲ့တယ်။ဗီလိန်ကာရိုက်တာနဲ့ စလုပ်တာကတော့ ကိုနေထက်လင်း ကျေးဇူးကြောင့်ပါ။ သူကနေပြီးတော့ ကလောမှာ ဇာတ်ကားရိုက်ရင်း ဗီလိန် လုပ် ပါလားဆိုပြီးပြောတယ် ။ဒါနဲ့ပဲအကိုဖြစ်ပါ့မလားမေးတော့ဖြစ်ပါတယ် ဆိုတာနဲ့ ကိုနေထက်လင်းနဲ့စပြီးတော့ဗီလိန်လောကထဲရောက်ခဲ့တာပါ။

မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာက တာဝန်ယူရမယ့် အပိုင်းတွေ အရမ်းများတယ်။အနေအထိုင်အစားအသောက်နဲ့ခန္ဓာကိုယ်ထိန်းသိမ်းမှု အပိုင်းကအစပေါ့။ ပရိတ်သတ်ကလည်းအကို့ကိုဗီလိန် တစ်ယောက် အနေနဲ့လက်ခံရင်းဒီအလုပ်ကိုလုပ်ဖြစ်ခဲ့တာပါ။ ဒီကာရိုက်တာနဲ့ ရိုက်ရင်း ကနေအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲပဲစဉ်းစားခဲ့တယ်။တစ် ကယ်လူသိများခဲ့တာကတော့ဦးကျော်ဟိန်းနဲ့ရိုက်ခဲ့တဲ့သေသောသူသည်သုသာန်သို့သွား၏ စတဲ့ကားတွေနဲ့ပါ။အဲ့ကားတွေမှာပိုပြီးတော့ ပရိတ်သတ် လည်း လက်ခံခဲ့တယ်။ ဗီလိန်အနေနဲ့ အကယ်ဒမီရခဲ့တဲ့ တစ်လျှောက် မှာတော့ လေးလေးဦးအံ့ကျော်တို့ ကိုအောင်ခိုင်တို့ရခဲ့တယ်။ ဒါပေမယ့် ကာရိုက်တာမတူတဲ့ဒရမ်မာဇာတ်ရုပ်တွေကရခဲ့တယ်ပေါ့။ ဗီလိန်ဇာတ်ရုပ် ကနေတော့ မဟုတ်ခဲ့ဘူး။ ဗီလိန်ဇာတ်ရုပ်အစစ်နဲ့ဆိုရင်တော့ ကိုမင်းဦး ရခဲ့တာရှိတယ်။ တကယ့်ဗလိန်အစစ်ဖြစ်ပြီး ဗီလိန်ကာရိုက်တာနဲ့ အကယ်ဒမီပေးခဲ့တာကအကိုသိသလောက်တော့ကိုစောဦးအဲ့လောက်ပဲရှိလိမ့်မယ် လို့အကိုထင်ပါတယ်။ ဇာတ်ပို့ဇာတ်ရန်ဆုဆိုတာက ခေါင်းစဉ်က သတ်မှတ်ထားတာဇာတ်ပို့ဇာတ်ရန်ဆုလို့ သတ်မှတ်ထားတာလေ ဇာတ်ပို့ ဇာတ်ရန်အစစ်တွေကိုပေးရင်တော့ပိုကောင်းတာပေါ့လေ။နောက်တစ်ခုကသရုပ်ဆောင် ဆုဆိုတာမင်းသားမင်းသမီးကပဲ ဇာတ်ပို့နေရာမှာ ၀င်တဲ့ အတွက်ကြောင့်ဇာတ်ပို့ဇာတ်ရန်ဆုကိုဝင်တယ်လို့ပြောကြတာလေ။ဇာတ်ပို့ဇာတ်ရန်ဆုကိုဇာတ်ပို့ဇာတ်ရန်အစစ်တွေရရင်ပို ကောင်းတယ်။ ဆိုတာ တော့ပိုပြီးတော့ပြောခြင်တာပေါ့လေ။

ဇာတ်ပို့ဇာတ်ရံ အတော်များများ ကလည်း မျှော်လင့်မိတာပေါ့။သူတို့ဘ၀မှာအမှတ်တရလေးပေါ့။ ဆိုလိုတဲ့ အဓိပ္ပါယ်က အရမ်းကြီးရွှေစင်ရွှေကြယ် ရလို့မဟုတ်ကြဘူးပေါ့။ သူတို့ ဘ၀ရဲ့မှတ်တမ်း မှတ်ရာလေးတစ်ခုနောက်တစ်ချိန် အသက် အရွယ်ကြီးရင့် လာရင်သော်လည်းကောင်း သေဆုံးသွားရင်သော်လည်ကောင်း အော် တစ်နေ့နေ့ တစ်ချိန်ချိန်ဒီသရုပ်ဆောင် တစ်ဦးက သူရခဲ့ဖူးပါလားဆိုတဲ့ ဟာလေးတစ်ခုပေါ့နော်။ သူရဲ့ကျန်ခဲ့တဲ့ generationလေးတွေ အမှတ် တရဖြစ်ဖို့ အတွက် ဒါပဲရှိကြတာပါပဲ ။ ဇာတ်ပို့ဇာတ်ရံ တော်တော်များများက ဇာတ်ပို့ဇာတ်ရ့အတော်များများမှာကလည်း ပြီးပြည့်စုံတဲ့ ဘ၀ဆိုတာ အတော်ရှားပါတယ်။ဒီအနုပညာကြောင့်ဇာတ်ပို့ဇာတ်ရံတွေကအရမ်းကြီး ပြည့်စုံတဲ့ဘ၀ကြီးတစ်ခုကိုလည်း မတည်ဆောက်နိုင်ဘူးလေ။ ဇာတ်ပို့ ဇာတ်ရံ သမားတွေကမင်းသားမင်းသမီးတွေသာလျှင်ရရှိတဲ့ဝင်ငွေ ပမာဏ တစ်ခုကပြောင်းလဲသွားတာလေ။ ဇာတ်ပို့ဇာတ်ရံတွေရဲ့ဘ၀ဆိုတာကတော့ ၀ါသနာကိုအရင်းခံပြီးတော့အဆင်ပြေရင်ပြေသလိုအလျဉ်းသင့်ရင်သင့် သလို အဆင်ပြေသလိုလုပ်စားကြရတာလေ။အ၀တ်အစားပိုင်းရယ် ပြန်ပြီး တော့ကုန်ကျမှုစရိတ်ရယ်ဆိုတော့ နောက်ဆုံး ဇာတ်ပို့ ဇာတ်ရံတွေရဲ့ ဘ၀က ကျန်ခဲ့တာကတော့ အ၀တ်အစားအဟောင်းလေးတွေ နဲ့ အသက် အရွယ်ကြီးရင့် သွားခဲ့တဲ့ဘ၀ပိုင်းရဲ့ ဒဏ်ရာ ဒဏ်ချက်တွေပဲဖြစ်မှာပါ။ အကိုကတော့အဲ့လိုပဲမြင်ပါတယ်။ ဇာတ်ကား တစ်ခုလုံးကို အဓိက သရုပ် ဆောင်နေတဲ့ သူတွေအပြင် ဇာတ်ကား တစ်ခုလုံး လှုပ်သွားအောင် လုပ်ရတဲ့ အပေါ်မှာ ပို့ပေးရတဲ့ ဇာတ်ပို့ဇာတ်ရံနေရာမှာ တကယ့် ဇာတ်ပို့ ဇာတ်ရံအစစ်တွေကိုသရုပ်ဆောင် ဖို့အသုံးပြုကြမယ်ဆိုရင် ပိုမိုက် တာပေါ့။ အဲ့ဒီနေရာတွေမှာမင်းသားမင်းသမီးတွေကပြန်ပြီးတော့သရုပ်ဆောင်နေရ တယ်ဆိုရင်တော့အဲ့ဒီ့ဇာတ်ပို့ဇာတ်ရံနေရာမှာမင်းသား၊မင်းသမီးတွေပဲရနေကြတာဖြစ်နေပါတယ်။

ကိုရဲဒီပ

၁၉၉၀လောက်ကစ ပြီးအနုပညာလောကထဲဝင်ဖြစ်ခဲ့ပါတယ်။ ၀ါသနာ ပါတာရယ် အရင်က လက်ဝှေ့ထိုးခဲ့ရာကနေfightingခန်း မှာစ၀င် ရိုက်ရာကနေ တစ်ဖြည်းဖြည်းနဲ့သရုပ်ဆောင်ဖြစ်သွားတာပါ။ လူကြမ်း သရုပ်ဆောင် ရယ်လို့ဆိုတာထက် ကိုယ့်ကိုကိုယ် သရုပ်ဆောင်လို့ သဘော ထားတဲ့အတွက်ကျရာနေရာကနေသရုပ်ဆောင်တာပါ။အဓိက၀ါသနာပါတာက fighting ပိုင်းကိုဝါသနာပါပါတယ်။ ၉၀လောက်က ရုပ်ရှင်ဇာတ်ကားထဲ ကိုစရောက်တယ် ။ အဲ့ဒီတုန်းကပေးတာဘယ်လောက်မှပိုက်ဆံမရခဲ့ဘူး။ ရတဲ့ပိုက်ဆံလေးနဲ့အိမ်ကညီတွေ ၊ညီမတွေ ထမင်းစားလို့ပေး ခဲ့တာ ပေါ့။တစ်ခါတလေကျတော့လည်းအခြားအလုပ်တွေပြောင်းလုပ်ချင်တယ်။ဒါပေမယ့်အနုပညာပိုးကတော်တော်ဖျက်လို့မလွယ်ဘူး။အပြင်မှာအလုပ် လုပ်နေတော့ဇာတ်ကားရိုက်ဖို့အခွင့် အရေးများရှိပါ့မလားဆိုပြီး ရဲကြီးရေ ကားရိုက်ရှိတယ်။ပြောရင်အခြားအလုပ်လုပ်ဖို့ဘာပဲဖြစ်ဖြစ်လက်လျော့ခဲ့ရတယ်။ အဲ့လိုနဲ့တင်အခုထက်ထိဒီအလုပ်လုပ်ဖြစ်သွားတယ်။ ဖိုက်တင်ချ ရင်မျက်နှာတွေဘာတွေဆိုလည်းခြေထောက်နဲ့ တစ်ကယ်ကို ပေးထိခဲ့ရ တာတွေ ရှိတယ်။ လူကြမ်းတွေထိသွားတယ်။ တစ်ချို့ကြတော့ လည်း မသိ ခဲ့ဘူး။ မင်းသားတွေကလည်းဖိုက်တင်ကျင့်တဲ့ အခါ တစ်ခုခု တစ်စုံစုံ ဖြစ်သွားကျိုးသွားကန်သွားရင်လူမသိသလိုပဲဖြစ်တာမျိုးရှိတယ်။ ဘာပဲ ဖြစ်ဖြစ်သူတို့အတွက်လုပ်ပေးရတာကြတော့ကြည့်ပေးသင့်တယ်လေ။ မင်းသားတွေသူတို့ အတွက်လုပ်ပေးလို့ထိခိုက်ဒဏ်ရာရသွားတဲ့ ကိုလူချော တစ်ယောက်ကို တော့ထိထိရောက်ရောက် လုပ်ပေးဖို့ အတွက် တာဝန်ကျေ သင့်တယ်။တာဝန်ကျေစေချင်တယ်။အချို့အချို့သောမင်းသားတွေကလှစ်လျူရှုတာရှိတယ်။ ဘာဖြစ်သွားလည်း ညာဖြစ်သွားလည်း ဖောရှော တွေတော့ ရှိတာပေါ့။ ရင်ဘတ်ထဲက မပါတဲ့ လေသံတွေနဲ့ပေါ့။ ဖြစ်ပြီး သွားရင်လည်း တစ်ချက်လောက်တော့ သွားကြည့် သင့်ပါတယ်။

တစ်ခါ တလေ ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အပေးအယူမျှမှသာ အဆင် ပြေမှာပေါ့နော်။သူချကိုယ်ချကပိုကောင်းတယ်လေ။လူကြမ်းသရုပ်ဆောင်ကိုဟိုတုန်းကဆိုမုန်းကြတယ်ပေါ့။ အခုဆိုရင်တော့ပရိတ်သတ်ကလူကြမ်းရယ် မင်းသားရယ်ဆိုတာကို ကွဲကွဲပြားပြား သိသွားကြပြီပေါ့။ ပရိတ်သတ် အနေနဲ့ ကတော့မင်းသားပဲနိုင်စေခြင်ကြတာပေါ့။ အကယ်ဒမီ အပေါ်တော့ ဘယ်သူရရ၀မ်းသာပါတယ်။ ကျွန်တော်တို့ ကိုလူချောအဖွဲ့ဆိုတာလည်း ဇာတ်ပို့ဇာတ်ရန်အလွှာကတစ်ထောင့်တစ်နေရာကဖြည့်စွမ်းပေးရတဲ့ သရုပ်ဆောင်တွေပါပဲလို့။ဒါပေမယ့်ကျွန်တော်တို့လူကြမ်းတွေမှာကြမ်းလို့ ရမ်းလို့ ယုတ်မာလို့ ကောက်ကျစ်လို့ ဆိုတဲ့ဥစ္စာမျိုးနဲ့ အကယ်ဒမီ တစ်ယောက်မှ မရသေးပါဘူး။ လေးလေးဦးအံ့ကျော်ဆိုလည်း သူတို့ပေး လိုက်တာကယုတ်မာတဲ့ အကြမ်းခန်းနဲ့မဟုတ်ပဲဒရမ်မာအနေနဲ့ရခဲ့တယ်။ ကျွန်တော်တို့ကိုလူချောအဖွဲ့ဥက္ကဋ္ဌကိုအောင်ခိုင်ဆိုလည်းဒရမ်မာအနေနဲ့ပါပဲ။ကျွန်တော့အမြင်လေးပြောပြတာပေါ့နော်။ လူကြမ်းသရုပ်ဆောင် ဆိုရင် လည်းပီပီပြင်ပြင်နဲ့ကြမ်းလို့ရမ်းလို့ပေးတဲ့ဥစ္စာမျိုး ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့နော်။ အဲ့ဒါမျိုးလေးကျွန်တော်မြင်တာပေါ့နော်။ သရုပ်ဆောင် တိုင်းကတော့ အကယ်ဒမီရမယ်ဆိုရင်လိုခြင်ကြတာပဲလေ။ ငှားတဲ့သူတွေ ဖြစ်တဲ့ ပရိုဂျူဆာတို့ ဒါရိုက်တာတို့ ကနေနေရာ လုပ်ကွက်ကဏ္ဍလေး တစ်ထောင့် တစ်နေရာကပေးလို့ဆိုရင်တော့ အဲ့ဒါမျိုးလေးတော့ ရချင် တာပေါ့။ ဇာတ်ကားတွေ အများကြီး ရိုက်ပေမယ့် လည်းနေရာ လုပ်ပိုင်ခွင့် မရှိရင်တော့အကယ်ဒမီဆိုတာတော့မှန်းလို့မရပါဘူးကျွန်တော်မြင်တာပေါ့ နော်။အကယ်ဒမီနှစ်တိုင်းတက်ဖြစ်ပြီးဒီနှစ် လည်းတက်ဖြစ်မှာပါ။ ကျွန်တော် တို့အဖွဲ့အနေနဲ့ဂိတ်စောင့် ၊အပေါက်စောင့် အနေနဲ့ လုပ်အားပေးတာ ရှိပါတယ်။ အကယ်ဒမီပွဲတွေမှာ ဆိုရင်ကျွန်တော်တို့ အဖွဲ့အနေနဲ့ ယူနီဖောင်းတစ်ကားကားနဲ့လုပ်နေတယ်လို့ပြောတဲ့လူတွေလည်းရှိပါတယ်။ ဒါကတော့ကျွန်တော်တို့အကူအညီပေးသင့်တယ်ထင်လို့ လုပ်ပေးပါတယ်။ ကိုလူချောအဖွဲ့ဥက္ကဋ္ဌကတာဝန်ပေးတဲ့အတွက်ပါ။

ကိုဆွိ

အနုညာလောကကို၁၉၉၀ခုနှစ်ကစတန့်မင်းသားအနေ နဲ့စတင် ၀င်ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်ကကရာတေး ၊၀ူရှုး ၊ဂျွမ်းဘားတို့ ကိုမင်းသားတွေကို သင်တန်းပေးရင်းနဲ့ပဲဒီလောကရောက်လာခဲ့တာ။စတန့်မင်းသားအနေနဲ့ပါ။ အဲ့လိုလုပ်ရင်းနဲ့ မင်းသားတွေနဲ့Fightingတွေ ၀င်ရိုက်ရင်းနဲ့လူကြမ်း ဖြစ်သွားတာပါ။ ကျွန်တော်ကပထမတော့ ပညာရှင် အနေနဲ့ မင်းသားတွေ ကိုသင်ပေးခဲ့ပြီးကိုယ်တိုင်ကထိုးတာကျိတ်တာဝါသနာပါတာ။ ကရာတေး တို့ဝူရှုး ။ဂျွမ်းဘားတို့ ကျွန်တော်တို့ပညာပြန့်ပွားရေးအတွက်ဒီနယ်ပယ်ကို ၀င်လာတာပါ။ အမှန်တကယ်ကတော့ ကျွန်တော်ကမျိုးရိုးလည်းမရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့အတတ်ပညာပြန့်ပွားဖို့အတွက် ကျွန်တော်ဝင်လာတယ် အဲ့ဒါ ပါပဲ။ လူမင်းအစားဇာတ်ကားတစ်ခုမှာ ၀ါယာကြိုးနဲ့ခုန်တဲ့ အခန်းမှာ သုံးထပ် တိုက်က ၀ါယာကြိုးကပြတ်ပြီးအောက်ကိုကျတော့ ကျွန်တော် ခြေထောက်ကျိုးသွားတယ်။ ၁နှစ်လောက် အလုပ် မလုပ်ရဘူး နားလိုက် တယ်။ ပိုက်ဆံ၁၀သိန်းလောက်ကုန်သွားတယ်။ အခုတော့ ဒဏ်တော့ဖြစ် ကျန်ခဲ့တာပေါ့။ ကျန်တာတွေကတော့ကောင်းသွားပါပြီ ။သူ့အတွက် ကျန်စစ်မင်းဇာတ်ကားတွေဆိုရင် ကျွန်တော်ဂျွမ်းထိုးပေးခဲ့တာ။ အဲ့ကားတွေ ဆိုရင် သူအကယ်ဒမီတောင်ရတာ။သူက ဘာမှတော့လုပ်ဆောင်ပေးမှုတွေ မရှိဘူး။ ကုမ္ပဏီကတော့ကျွန်တော့ကို ၁သိန်းလောက် ပေးတယ်။ ကျွန်တော် က၁၀သိန်းလောက်ကုန်သွားတယ်။ ကျွန်တော့ အမေအဖေက ချမ်းသာလို့ကုပေးနဲ့မို့သာအဲ့တုန်းကကျွန်တော်၁နှစ်လောက်အလုပ်မလုပ်ရဘူးနားရတယ်။ကျွန်တော်ကဘာသာရေးလည်းလုပ်တယ်။သက်သက်လွတ် စားတာ၁၃နှစ်ရှိပါပြီ ။ဘာသာရေးလည်းတစ်အားလုပ်တဲ့အခါ ဟိုတုန်းက ၀ဋ်ကြွေး တွေလည်းရှိလို့ လာပေးဆပ်ရတယ်ဆိုတဲ့ပုံစံထင်မိပါတယ်။ ဘာသာရေးလုပ်ဖြစ်တာကငှက်ဖျားဖြစ်လို့တစ်ခါ၊ခြေထောက်ကျိုးလို့ဖြစ်တာတစ်ခါနဲ့ကျွန်တော်တရားရသွားခဲ့တယ်။ အမြင့်ပိုင်းကနေပြုတ်ကျသွားတာ ကျွန်တော်တရားရမိတယ်။လူမင်းကိုကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့သူ့ကြောင့်ကျွန်တော်တရားရတယ်လေ။နမို့ဆိုမဟုတ်ရင်သူ့ကိုလည်ပင်းလှီးမိမှာ ကျွန်တော့်အနေနဲ့ တစ်နှစ်ပြည့်တဲ့နေ့မှာ သူနဲ့ပြန်တွေ့တော့ ကျွန်တော်ပြောတယ်။ကျွန်တော်တရားရသွားတယ်။ ကျေးဇူးတင်တယ် အစ်ကို့ကြောင့်လို့ တရားမရရင်တော့ကျွန်တော်အကို့ကိုလည်ပင်းလှီးမှာလို့ ကျွန်တော်ဒဲ့ပဲပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ၁၀သိန်းကုန် သွားတယ်။ ဆိုရင်ပေးသင့်တာပေါ့နော်။ ကျွန်တော့ အနေနဲ့ သူ့အစား အနေနဲ့ဂျွမ်းထိုးပေးခဲ့ရတာသူ့အစားတွေလိုက်လုပ်ပေးခဲ့ရတာ။ကျွန်တော်ကသူ့အစားလုပ်ပေးရင်းနဲ့ ကျွန်တော်ခံလိုက်ရတာ ကျွန်တော်က ၀ဋ်ကြွေး ပါလို့ခံလိုက်ရတာပေါ့။ ဒီဘ၀မှာဝဋ်ကြွေးလာပေးဆပ်ရတာပေါ့။ အကယ်ဒမီကကျွန်တော်တို့လူကြမ်းတွေ က ဘယ်လောက်မှ အခန်းတွေ မရိုက်ရဘူးလေ။ အဲ့ဒီတော့မှန်းလို့မရဘူးလေ။ တစ်ခန်းနှစ်ခန်းလောက် ပါတော့ဘာမှပြောလို့လည်းမရနိုင်ဘူးလေ။ ကျွန်တော်တို့ အနေနဲ့ လုပ်ဆောင်ခွင့် ရရင်တော့ လုပ်ချင်တာပေါ့။ ဇာတ်လမ်းအပေါ် လုပ်ဆောင် ခွင့်ပေးရင်တော့ သရုပ်ဆောင်အနေနဲ့လုပ်လို့ရတာပေါ့နော်။ လုပ်ဆောင်ခွင့် ပေးရင်တော့ရခြင်ရနိုင်တာပေါ့ လုပ်ခွင့်မရရင်တော့ ဘယ်လောက်မှ လုပ်လို့ မရဘူးလေ။ကျွန်တော်တို့ ကိုလူချောအဖွဲ့ရှိတယ်လေ။ အကယ်ဒမီ ဆိုရင် ကျွန်တော်တို့အဖွဲ့ကအပေါက်စောင့် လက်မှတ်စစ် အဲ့လိုမျိုးတွေ လုပ်ရတာပေါ့နော်။ကာကွယ်ရေး တာဝန်ဆိုပြီး ကိုလူချောအဖွဲ့တာဝန်ယူ ရတာဥက္ကဌတွေကခိုင်းတယ်။ကျွန်တော်တို့ကိုလူချောအဖွဲ့ခေါင်းဆောင်

ဦးအောင်ခိုင်ရှိတယ်။ သူကခေါင်းဆောင်ပြီး ကျွန်တော်တို့ကို လူချော အဖွဲ့ဖွဲ့ထားတယ်။ သူကတော့အားကိုးတကြီးနဲ့အကူအညီတောင်းတော့ ကျွန်တော်တို့တွေ လည်းလုပ်ပေးရတာပေါ့။ကိုလူချော အဖွဲ့ အနေနဲ့ တစ်ချို့လူကြမ်းတွေဆိုအကယ်ဒမီပေးပွဲတက်တယ်လေ။ တစ်ချို့ ကတော့မလာဘူး။အောက်တန်းကျတယ်ဆိုပြီးမလာဘူးမလုပ်ဘူးပေါ့နော်။ကျွန်တော်တို့ကတော့အတိုအစလောက်တော့လုပ်ပေးရတာပေါ့နော်။ အဖွဲ့အစည်းအနေနဲ့ဆိုတော့ လုပ်ပေးရတာပေါ့နော်။ မလုပ်ချင်ဘူး ဆိုပြီး ပြောလို့တော့ကျွန်တော်တို့အနေနဲ့လည်းမကောင်းဘူးပေါ့။နည်းနည်းစွာရင်ရုပ်ရှင်လုပ်ငန်းကနေပျောက်သွားနိုင်တယ်လေ။ မကျေနပ်တဲ့ အချို့တွေ မလာကြဘူး။ဒီနှစ်အတွက်ကျွန်တော်ကကားကြီးတော်တော်များများပါတော့လက်မှတ်တော့ရမှာလေ။ကိုယ့်ဘာကိုယ်ပဲတက်ရမလား။ကိုလူချောအဖွဲ့အနေနဲ့ပဲတက်ရမလားဆိုတာတော့နီးရင်ဖုန်းဆက်တော့မှသိရမှာ။ ကျွန်တော့် အနေနဲ့ သရုပ်ဆောင်ရတဲ့ အပေါ် ပရိတ်သက်ကြီး နားလည် ပေးပါ။ အားပေးပါဦးလို့ပြောချင်ပါတယ်။ ဇာတ်ကားတစ်ကားအတွက် လူမုန်းတဲ့ ကာရိုက်တာကသရုပ်ဆောင်အနေနဲ့လုပ်နေရတယ်ဆိုတာလည်း ဘ၀၀ဋ်ကြွေးမို့လုပ်နေရတယ်ပေါ့။ဘယ်သူမဆိုအဓိကနေရာကတော့ဖြစ်ချင်တာပေါ့နော် အဲ့ဒီ့အပေါ်နားလည်ပေးပါလို့ပြောချင်ပါတယ်။

အံ့မင်းညို

သရုပ်ဆောင် ပိုင်းကို၂၀၀၀ခုနှစ်လောက်ကစလုပ်ဖြစ်ခဲ့ပါတယ်။ စနိုးဝှိုက်နဲ့ စရိုက်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းကတော့ဖုန်းတွေခေတ်မစားခင် ဖေ့ဘုတ် တွေ ခေတ်မစားခင်ကတော့ ကိုယ်တွေ နယ်တစ်ခုသွားရင် အမြင်ကတ် ခံရတာတွေရှိတာပေါ့။ တစ်ခါတလေတော်တော်လေး အပြောခံရတာ ပဲခူးဘက် သွားတုန်းက အမေကြီးတွေပေါ့နော်။ သူတို့အနေနဲ့ ဒီသရုပ် ဆောင်မှု အပေါ်ကိုမကြိုက်တဲ့အမြင်တွေမျိုးပါ။ ဒီဖေ့ဘုတ်ခေတ်ကျတော့ လူငယ်တွေရောအားလုံးကအမြင်ကျယ်သွားပြီလေ။ဒါကိုသူ့ရဲ့သရုပ်ဆောင်အရလုပ်တာပါဆိုတာသိသွားပြီလေ။ အဲ့ဒီ့အတွက် အကိုတို့က ဗီလိန်ပဲ လုပ်လုပ်၊မင်းသားပဲလုပ်လုပ်၊အားလုံးကအကိုတို့ကသရုပ်ဆောင်တွေပဲ ကျရာနေရာကနေ တာဝန်ကျေအောင်လုပ် ရတာပဲလေ။ အမြင်ကတ်လေ အကိုတို့ကပိုအောင်မြင်လေပဲလေ။လူမိုက်လုပ်ပါတယ်ဆိုမှချစ်စရာကြီးတော့ဘယ်လိုလုပ်ဖြစ်မလဲ။ ဒီနှစ်ကတော့ အကယ်ဒမီပေးပွဲ ပြင်ဆင် တာတွေက အရင်နှစ်တွေထက်တစ်ကယ်ကောင်းပါတယ်။ အကယ်ဒမီကို မလုပ်တော့တဲ့၂၀၁၃လောက်ကတည်းက မတက်ဖြစ်တော့တာပါ။ အနုပညာ သမားကတော့ ဘယ်သူပဲဖြစ်ဖြစ် အကယ်ဒမီက လိုချင်ကြတာ ပါပဲ။ဒါပေမယ့်အဲ့ဒီ့လိုဗီလိန်လူကြမ်းအနေနဲ့အကယ်ဒမီအတွက်အခွင့် အရေးရမယ်ဆိုရင်တော့ ကိုယ့်ဘက်က တာဝန်ကျေအောင် ရအောင် ကြိုးစား ရမှာကကိုယ့်တာဝန်ပေါ့။ ဗီလိန်ပိုင်းအနေနဲ့ ရတာကတော့ အကိုသိသလောက်တော့မတွေ့သေးပါဘူး။ဦးအံ့ကျော်တို့ကိုအောင်ခိုင်တို့ဆိုလည်းဒရမ်မာ အနေနဲ့ပဲရသွားကြတာပေါ့နော်။ ထိုက်တန်သူ ဘယ်သူ ရရပါလူရွှင်တော်ပဲဖြစ်ဖြစ်၊ ဗီလိန်လူကြမ်းသရုပ်ဆောင်ပဲဖြစ်ဖြစ် တော်လို့ ရတာကိုတော့အားပေးမှာပါ။ အကိုတို့သရုပ်ဆောင်မှု အနေနဲ့ ရုန်းရင်း ဆန်ခေတ်လုပ်တဲ့ အခါမျိုးတွေမှာ အကိုတို့နဲ့ သရုပ်ဆောင်တဲ့ ညီမတွေ သရုပ်ဆောင်တွေ အနေနဲ့မတော်တဆထိသွားမှာ အရမ်းစိုးရိမ်တာ မတော် တဆထိခဲ့ရင်တောင်ကိုယ်ကအကြီးဖြစ်ပြီးတော့ အဲ့လိုမျိုးအခန်းတွေအရမ်း အန္တရာယ်များတယ်ရိုက်တဲ့အခါကြရင်။ ပရိတ်သတ်ကြီး အနေနဲ့ ကျွန်တော့် ကိုလည်းအမုန်းလေးနဲ့ဆိုပေမယ့်အပြုံးလေးနဲ့ပဲကြည့်ပေးပါလို့ သရုပ် ဆောင် တာပါ။အပြင်မှာတော့အဲ့လိုမဟုတ်ပါဘူးလို့ ။ အကိုတို့လည်း ဒီခေတ် နောက်ပိုင်းကြတော့ အကိုတို့ရှေ့က မင်းသားတွေက ဇာတ်ပို့နေရာ ကိုပြန်ယူကြတော့ အကိုတို့အနေနဲ့ ဇာတ်ပို့စစ်စစ်တွေက ရဖို့ဆိုတာ ခဲယဉ်းတယ်ပေါ့။ အဲ့ဒီ့အကယ်ဒမီကလည်း အကိုတို့ထက် မင်းသားတွေက ဇာတ်ပို့နေရာကရိုက်ရင်အကယ်ဒမီရတာများတာကိုသိမှာပေါ့နော်။ဇာတ်ပို့စစ်စစ်ကဇာတ်ပို့စစ်စစ်ပဲရစေချင်တဲ့စိတ်ကတော့ရှိပါတယ်။

Credit-ပဉ္စမလှိုင်းမီဒီယာ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။