Home အနုပညာ ချစ်သူများနေ့မှာ မှာထွက်ရှိမယ့် “ကတိ” တေးစီရီးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ ချစ်သုဝေ

ချစ်သူများနေ့မှာ မှာထွက်ရှိမယ့် “ကတိ” တေးစီရီးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ ချစ်သုဝေ

1047
0

ချစ်စရာကောင်းပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ချပြပေးနေခဲ့တဲ့ သရုပ်ဆောင် အဆိုတော် မင်းသမီးချောလေး ချစ်သုဝေ ဟာဆိုရင် အဘက်ဘက်ကနေ တော်လွန်းထက်မြက်လွန်းတဲ့ သူလေးတစ်ယောက်ပါ။ အရာရာမှာ ထက်ထက်မြက်မြက်ရှိလွန်းလှတဲ့ သူမကတော့ ယခုဆိုရင် ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ “ကတိ” တေးစီရီးကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

တေးသံရှင် ချစ်သုဝေ ရဲ့ “ကတိ” Promis Audio Album စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ နေ့ခင်း ၂နာရီ က ရန်ကုန်မြို့ Myanmar Plaza ရှိ Hard Rock Cafe မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သုဝေရဲ့ တေးစီးရီးမိတ်ဆက်ပွဲကို အနုပညာရှင်များစွာတို့က တက်ရောက်ခဲ့ကြတာဖြစ်ပြီး ဒီတေးစီးရီး လေးဟာ ချစ်သုဝေရဲ့ ဒုတိယမြောက်ထွက်ရှိတဲ့ တစ်ကိုယ်တော် အယ်လ်ဘန်ပဲ ဖြစ်ပါတယ်။

အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားခဲ့တဲ့ ချစ်သုဝေရဲ့ “ကတိ” အယ်ဘမ်ကတော့ ပထမထွက်ရှိထားခဲ့တဲ့ အယ်ဘမ်နဲ့ ရှစ်နှစ်ကြာအောင် ကွာဟခဲ့တာပဲ ဖြစ်ပါတယ်။ ၈နှစ်တာကြာမှ ဒုတိယအယ်ဘမ်ကို ထွက်ရှိထားခဲ့ရတဲ့ ချစ်သုဝေရဲ့ တေးစီးရီးမိတ်ဆက်ပွဲမှ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ VDay အမှီ ပရိသတ်တွေကို ချပြပေးသွားတော့မယ့် “ကတိ” တေးစီးရီးမိတ်ဆက်ပွဲမှ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

“ကတိ” Promis Audio Album ကို FG Entertainment က ထုတ်လုပ်တာဖြစ်ပြီး Bo Bo Music Production က လာမည့် ဖေဖော်ဝါရီ ၁၄ရက် မှာ တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာပဲ ဖြစ်ပါတယ်။ “ကတိ” Promise Audio Album ကို အခက်အခဲတွေ မိသားစုအချိန်ပေးရမှုတွေကြားက ကြိုးစားပြီး ထွက်ခဲ့ရတာဖြစ်တယ်လို့ အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေ က အင်တာဗျူးတစ်ခုမှာ ထပ်မံဖြေဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။

မေမေချစ်သုဝေရဲ့ “ကတိ” တေးစီးရီး မိတ်ဆက်ပွဲမှာ အရမ်းကိုချစ်စရာကောင်းပြီး ပျော်ရွှင်နေကြတဲ့ ခေတ်နဲ့ သစ်တို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာမြင်ကွင်းပုံရိပ်အလှ

ချစ်သုဝေရဲ့ “ကတိ” တေးစီးရီး မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့ကြတဲ့ မင်းသမီးချောလေး သက်မွန်မြင့်နဲ့ ခင်လေးနွယ်တို့ အနုပညာရှင် သူငယ်ချင်း ညီအစ်မနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာ မြင်ကွင်းပုံရိပ်

ချစ်သုဝေရဲ့ ဒုတိယတေးစီးရီးဖြစ်တဲ့ “ကတိ” တေးစီးရီးမိတ်ဆက်ပွဲမှ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကို သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ VDay မှာ ဖြန့်ချီပေးပြီး ပရိသတ်တွေလက်ထဲကို မကြာခင်အချိန်မှာ ရောက်ရှိလာတော့မယ့် ချစ်သုဝေရဲ့ “ကတိ” အယ်ဘမ်လေးကို စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်။ မိုမိုလေး