Home အနုပညာ အာရှတစ်ဝှမ်း ဟုန်းဟုန်းတောက်နာမည်ကြီးနေတဲ့ ပိုင်တံခွန်ရဲ့အရိုင်းဆန်တဲ့ဓာတ်ပုံများ

အာရှတစ်ဝှမ်း ဟုန်းဟုန်းတောက်နာမည်ကြီးနေတဲ့ ပိုင်တံခွန်ရဲ့အရိုင်းဆန်တဲ့ဓာတ်ပုံများ

2306
0

ပိုင်တံခွန်ဟာဆိုရင်တော့ လတ်တလောမှာဆိုရင် အာရှတစ်လွှားမှာ ဟုန်းဟုန်းတောက်နာမည်ကြီးနေပါတယ်။ အတိအကျဆိုရရင်တော့ အမှန်အကန်နာမည်ကြီးနေတာ အရိုင်းဆန်လှတဲ့ ဓာတ်ပုံတစ်ချို့ပေါ့။ အာရှတစ်လွှားက ပုရိသတွေ ဘယ်လောက်တောင်ကြိုက်နှစ်သက်ကြသလဲဆိုတာကိုတော့ လိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

ပိုင်တံခွန်ရဲ့ ဓာတ်ပုံတွေဟာ Jigoku No Negai (@WishesOfHell) လို့အမည်ရတဲ့ facebook page မှာနာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၁ရက်နေ့မှာတင်ခဲ့တာဖြစ်ပြီး မှတ်ချက်ပေးသူ ၂ထောင်ကျော် share သူ ၁သောင်းနီးပါးရှိထားပါတယ်။


ဂျပန်မှ အမျိုးသမီးတွေနဲ့ အာရှတစ်လွှားမှ အမျိုးသမီး တော်တော်များများက သူ့ရဲ့နာမည်ဟာ ဘာလဲ လို့ မေးမြန်းခဲ့ကြသလို သူက ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေဟာ comment section မှာ တော်တော်ပွဲဆူခဲ့ပါတယ်။

ပိုင်တံခွန်ကို Mulan ကာတွန်းကားထဲက စစ်သူကြီးနဲ့ တူတယ်လို့လည်းပြောကြပါသေးတယ်။

အာရှသူတွေ အထူးသဖြင့် ဂျပန်မတွေကြားမှာ ပွဲဆူစေလောက်အောင် ကိုပဲ ပိုင်တံခွန်ဟာ အလန်းစားခန့်ညားလို့နေပါတယ်။

မြန်မာက လူတွေတော်တော်များများဟာ နိုင်ငံတကာက လူတွေကို ပတ်ပြီး ဘူးနေရကြောင်း အခုတော့ ဆူရှီမ (ဂျပန်မ) တွေ ခံရတဲ့ အလှည့်ရောက်လို့လာခဲ့ပြီဖြစ်ကြောင်းလည်း အရွှန်းဖောက်ခဲ့ကြပါသေးတယ်။

အာရှတစ်လွှားမှာ ၀က်ဝက်ကွဲအောင် အောင်မြင်ခဲ့တဲ့ ပိုင်တံခွန်ဟာ တကယ်ကိုပဲ ဆွဲဆောင်မှုရှိနေခဲ့တာ သံသယတောင်ဖြစ်စရာမလိုပါဘူးနော်။ သင်ကော ဒီလို စွဲမက်ဖို့ကောင်းတဲ့ပုံတွေကို မြင်အပြီးမှာ အသက်ရှုမှားသွားခဲ့ကြတယ်မဟုတ်လား..??