Home အနုပညာ သီလရှင်ထွက်ပြီးတဲ့နောက် ပထမဆုံးပွဲတက်ခဲ့တဲ့ နေခြည်ဦးရဲ့ ပုံရိပ်

သီလရှင်ထွက်ပြီးတဲ့နောက် ပထမဆုံးပွဲတက်ခဲ့တဲ့ နေခြည်ဦးရဲ့ ပုံရိပ်

480
0

ပရိသတ်တွေအချစ်တော် နေခြည်ဦးက သီလရှင်ဝတ်ပြီး တစ်ပတ်လောက်ပျောက်နေရာမှ အခုဆိုရင် ပွဲအခမ်းအနား တစ်ခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နေခြည်ဦးက သူမရဲ့ စတိုင်အတိုင်းပဲ လှပကျော့ရှင်းတဲ့ အဖြူရောင် ဂါဝန်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကို မိုမိုလေး ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

နေခြည်ဦးက မနေ့က ဖေဖော်ဝါရီလ ၉ ရက်နေ့က MMTM မြတ်မေတ္တာမွန် စက်သုံးဆီလုပ်ငန်းရဲ့ ကံထူးရှင်များကို ဆုပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လိုတွေတောင် လှနေတာလဲ ချီချီရယ်

အလှပဂေးလေး နှစ်ယောက်ဖြစ်တဲ့ နေခြည်ဦးနဲ့ မိုးစက်ဝိုင်

အရင်တုန်းကတော့ သီလရှင် ဝတ်ပြီးရင် ကတုံးဆံပင်ပေါက်နဲ့ နေရပေမယ့် အခုခေတ်မှာတော့ ဆံပင်အတုတွေရှိလာတော့ အေးဆေးအလှမပျက်တော့ဘူးပေါ့နော် 😍

အဖြူလေးနဲ့ အလှကြီးလှနေတဲ့ မမနေခြည်ဦး😍

ချီ ဘာတွေသဘောကျနေပါလိမ့်

ပရိသတ်တွေလဲ ချစ်စရာကောင်းတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး