Home အနုပညာ ပရိသတ်တွေနဲ့အတူတူ “လိပ်ပြာစံအိမ်” ရုပ်ရှင် အတူတူကြည့်ပေးခဲ့တဲ့ ဒေါင်း

ပရိသတ်တွေနဲ့အတူတူ “လိပ်ပြာစံအိမ်” ရုပ်ရှင် အတူတူကြည့်ပေးခဲ့တဲ့ ဒေါင်း

544
0

လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဒေါင်းဟာ သူ့ရဲ့ ဆန်းတက်နေချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်ပြီး ယောကျာ်းပီသတဲ့ ဒေါင်းက သရုပ်ဆောင်လဲကောင်းမွနတာကြောင့် ပရိသတ်တွေက အားပေးနေရသူဆိုလဲ မမှားပါဘူး။ အခုဆိုရင် ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေနိုင်သူ ဖြစ်နေပါပြီ။

လိပ်ပြာစံအိမ် The Only Mom ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်နေရာကနေ သရုပ်ဆောင်ထားတဲ့ ဒေါင်းက ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ City Mall Shopping Center က JCGV ရုပ်ရှင်ရုံမှာ သူ့ရဲ့ ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါင်းက ပရိသတ်တွေနဲ့ အတူတူ တွေ့ဆုံရင်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူကြည့်ခဲ့ပါသေးတယ်။

ဒေါင်းကို အားပေးကြတဲ့ ပရိသတ်တွေကလဲ ရာနဲ့ချီပြီး ထိုပွဲလေးကို တက်ရောက်ခဲ့ကြပါတယ်။

ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့တဲ့ ဒေါင်း

ပရိသတ်ကြီးလဲ ဒေါင်းနဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ ပျော်စရာမြင်ကွင်းလေးကိုကြည့်ပြီး သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီပ်ုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like and Share လုပ်ဖို့ မမေ့ပါနဲ့နော်။  မိုမိုလေး

Rowena
Source: လိပ်ပြာစံအိမ်